I Hate you..🥀

1.5K 89 49
                                    

'ငါမင်းကို အရာအားလုံးထက်ကိုပိုမုန်းတယ် Gemini  Norawit Titicharoenrak!!'

ပြန်မရနိုင်တော့တဲ့နေ့ရက်တွေ...အရင်လိုပြန်မဖြစ်နိုင်တော့တဲ့ ဆက်ဆံရေး... တစ်စစီရစရာမရှိတော့အောင်ကြေမွသွားခဲ့တဲ့နှလုံးသားတစ်စုံ...

..............
1.7.2021...!

"မောင်...မင်းအလုပ်မသွားဘူးလား"

မီးဖိုချောင်ထဲတွင်ချက်ပြုတ်နေသော မကြာခင်သေးကမှလက်ထပ်ထားသည့်သူ့ရဲ့သက်ဆိုင်သူ Gemini ဆိုသည့်လူဆီသို့တစ်လှမ်းချင်းလျှောက်သွားကာဖက်တွယ်လိုက်၏...

"အင်း..မောင်ဒီနေ့ခွင့်ယူထားတယ်လေ အချစ်...မင်းနဲ့နှစ်ယောက်တည်းအတူနေချင်လို့.."

သူ့နှုတ်ခမ်းပါးထက်ကအပြုံးလေးတစ်ပွင့်ပေါ်ပေါက်လာခဲ့သည်...မောင်ကအသီးအရွက်တွေလှီးနေရာမှသူ့ဘက်ကိုလှည့်ကာသူ့ခါးကိုဆွဲဖက်လိုက်၏...

"ဒီနေ့မောင်တို့ဘယ်သွားကြမလဲ...အချစ်ဘာလုပ်ချင်လဲမောင့်ကိုပြောကြည့်?"

သူ့လက်ညိုးလေးဖြင့်မေးကိုထောက်ကာစဉ်းစားဟန်လုပ်တော့ မောင်ကအသည်းယားစွာပင်သူ့နှုတ်ခမ်းအားဖိနမ်းသည်...သူအသံထွက်အောင်ရီမိ၏...ဒါကပျော်ဖို့ကောင်းတယ်~

"အော်..မောင်ငါတို့ ဒီတိုင်းဘဲလျှောက်လည်ကြရအောင် တိကျတဲ့အစီအစဉ်မရှိဘူး"

သူပြောတော့မောင်ကသဘောတကျဖြင့်ခေါင်းငြိမ့်ပြသည်...ဒီနေ့ဟာသူရဲ့အပျော်ဆုံးနေ့ဖြစ်လိမ့်မည်ဟုသူသိနေသည်....သူသိပ်သဘောကျရတဲ့လူသားက ဒါပထမဆုံးအကြိမ်သူ့ကိုဂရုတစိုက်နဲ့ သူ့သဘောအတိုင်းလိုက်လုပ်ပေးနေတာကြောင့်မို့ပေါ့...ဒါပေမဲ့သူမသိခဲ့ဘူး အဲ့တာဟာပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်နေတာကိုပေါ့~

27.7.2021..!

မောင်ကဒီအတောအတွင်းမှာသိသိသာသာကြီးကိုပြောင်းလဲလာခဲ့တယ်....သူဘာအမှားလုပ်မိမှန်းမသိပေမဲ့ မောင်ကအရင်ကထက်ပိုပိုပြီးသူ့ကိုကြမ်းကြမ်းတမ်းတမ်းတွေပြောဆိုဆက်ဆံလာခဲ့သည်....သူဘာဘဲလုပ်ပေးလုပ်ပေးစိတ်တိုင်းမကျဖြစ်နေသည့်အပြင်ကို အမြဲတမ်းအပြစ်မရှိအပြစ်ရှာနေခဲ့သည်...သူအမြဲတမ်းစေတနာပါပါနဲ့လုပ်ပေးခဲ့တဲ့အရာတွေဟာ မောင့်အတွက်ဝေဒနာတွေဖြစ်ဖြစ်သွားခဲ့တာကိုတော့သူတော်တော်ဝမ်းနည်းမိပါ၏.....ဒါပေမဲ့ သူမုန်းတီးလားဆိုတော့ မမုန်းပါ..သူကဘဲအရင်စချစ်မိခဲ့ပြီးသူကဘဲအဆုံးထိဆက်ချစ်နေမှာမို့ မောင်မချစ်လဲအဆင်ပြေတယ် မောင်အနားမှာရှိရုံနဲ့တင်အဆင်ပြေပါပြီဆိုတဲ့စိတ်လေးနဲ့ဖြေသိမ့်ရင်း အမြဲတမ်းမောင့်အတွက်ဘဲတွေးပြီး မောင့်ကိုဘဲဦးစားပေးခဲ့သည်....သူကသာမောင်မှမောင်ဖြစ်နေခဲ့ပေမဲ့ မောင်ကတော့သူ့ကိုလူရာတောင်မသွင်းတော့....သူဟာမောင့်ရဲ့တရားဝင်လင်ယောက်ျားဖြစ်နေတာကိုမောင်ကထုတ်ပြရမှာ‌တောင်ရှက်လာသည်အထိ...ဒါလည်းသူအဆင်ပြေနေပါသေးသည်....မောင်ကသူ့ကိုချစ်လို့လက်ထပ်ခဲ့တာမှမဟုတ်ဘဲ...သူကသာမောင့်ကိုချစ်လွန်းလို့အရယူခဲ့မိတာ...

Lord of my heart ★Where stories live. Discover now