Neighbor..🏡

1.4K 71 57
                                    

"Gun ရေMaeကို ခြံထဲမှာစပျစ်သီးသွားခူးပေးပါအုန်းကွယ်"

"Ka Mae.."

အမေဖြစ်သူ၏ခိုင်းစေမှုကြောင့် ခြင်းတောင်းလေးတစ်တောင်းဖြင့် စပျစ်ခြံထဲသို့ဆင်းလာခဲ့သည်...

သူနာမည်က Gun taphon Wongwitthaya ငယ်စဉ်ကတည်းကပင် ဖခင်ဖြစ်သူဟာ အက်ဆီးဒင့်တစ်ခုဖြင့်ဆုံးပါးသွားခဲ့တာ‌ကြောင့်အခုအချိန်အထိသားအမိနှစ်ယောက်တည်း ရုန်းကန်နေရသည်....ပိုင်ဆိုင်ထားသည့် စပျစ်ခြံနှစ်ခြံဖြင့် အမေဖြစ်သူဟာ စပျစ်ယို ထုတ်လုပ်သည့်လုပ်ငန်းအသေးစားလေးကိုလုပ်ကိုင်သည်......

သီချင်းလေးတညီးညီးဖြင့် စပျစ်ခြံထဲသို့ဆင်းလာရင်း အရောင်‌တောက်လျက်မှဲ့နေသည့်စပျစ်သီးများအား အသေအချာဂရုတစိုက်ဖြင့် ခူးယူလိုက်သည်။

"ဟိတ်! ချာတိတ်"

"အမေ့!"

အနောက်ဘက်မှထွက်ပေါ်လာသော အသံကြောင့် လန့်ဖြန့်ကာခူးယူ‌နေသည့်စပျစ်သီးခိုင်လေးမှာလက်ထဲကလွတ်ကျသွားသည်။

"ချီးဘဲ..Tin ဒီခြံကမင်းဝင်ချင်တိုင်းဝင်လို့ရနေတာမဟုတ်ဘူးနော်!"

"ကိုယ်တောင်းပန်ပါတယ် ကိုယ်ပြန်လျော်ပေးမယ်လေနော်"

အရာရာကိုပိုက်ဆံဖြင့်ဖြေရှင်းတတ်သည့် ထိုအိမ်နီးချင်းဖြစ်သူ Tinအားကြည့်ရင်းသက်ပြင်းရဲ့ရဲ့သာချမိသည်...

Tin naphob Jirawatthanakul ဟိုတစ်လောလေးကမှပြောင်းလာသည့်ဘေးချင်းကပ်ရပ်အိမ်နီးချင်းပင်ဖြစ်သည်...

ပထမဆုံးနေ့မှာပင် သူတို့၏စပျစ်ခြံထဲသို့ အုတ်တံတိုင်းမှကျော်လျက်ခိုးဝင်စဉ် သူမိသွားတာကြောင့် သူ၏လက်အတွင်းသို့ ပိုက်ဆံထိုးထည့်ခဲ့ပြီး စပျစ်ခိုင်တစ်ခိုင်ကိုခူးယူကာ အုတ်နံရံမှပြန်၍ကျော်ခွသွားသည့် ခပ်ဆိုးဆိုးသူဌေးသားတစ်ယောက်သာ....

အရမ်းဆိုးသွမ်းပြီး ဒီလို ခြံကိုဟိုကျော်ဒီခွလုပ်သည်ကို သူ၏Maeအားပြောပြလျှင် Maeမယုံပါ...အကြောင်းဟာတော့ ဒင်းဟာလူကြီးတွေရှေ့ရောက်ပြီဆိုလျှင် ကြောင်သူတော်လေးတစ်ကောင်လို အေးအေးလေးနှင့်ငြိမ်ကုတ်နေလေ့ရှိသည်...‌ထိုကြောင့် ပြောသည့်သူကပင်လူဆိုးကြီးဖြစ်ရပြန်၏...

Lord of my heart ★Where stories live. Discover now