"သက်ငယ်ရေ မောင်လာပြီလေ"
ပန်းခြင်းလေးကိုင်ကာညည့်နက်ချိန်တောနက်ကြီးထဲတွင် ချစ်ရသူအားအော်ခေါ်လျက် လျှောက်သွားနေသည့်အမျိုးသားတစ်ဦး....
ဇက်ခနဲဆိူသလို လက်ကောက်ဝတ်အားဖမ်းဆွဲခံရမှုနှင့်အတူ သစ်ပင်ကြီးတစ်ပင်နောက်သို့ရောက်သွားခဲ့သည်...
"သက်ငယ်.."
ရှေ့တွင်ရှိနေသည့် သိပ်ကိုလှရက်လွန်းသောအမျိုးသားလေးအားခေါ်ဆိုလိုက်သည့်နာမ်စား...
"မောင်ရယ် တိုးတိုးအော်လေ ငယ်ကြားပါတယ် ဒီမှာသရဲတွေပျော်မြူးနေတာ မောင်အခြောက်ခံရမယ် မောင်ရဲ့"
လက်သွယ်သွယ်လေးအားသူ့နှုတ်ခမ်းပေါ်သို့တင်ကာဆိုလာသည့် ကောင်ငယ်လေးကြောင့်သဘောကျစွာရီမိသည်။
သူ့နာမည်က Gemini Norawit...
ငယ်စဉ်ကတည်းက သရဲတစ္ဆေ၊နာနာဘာဝမိစ္ဆာမှန်သမျှအကုန်လုံးမြင်နေရသည့် ကလေးတစ်ယောက်မို့ လူတိုင်းကသူ့ကိုမကောင်းဆိုးဝါးဟုခေါ်ကြသည်...မိသားစုထဲတွင်လည်း အမြဲရှောင်ဖယ်ခံခဲ့ရသလို လူ့အသိုင်းအဝိုင်းကြားမှာလဲ အမြဲတမ်းအပယ်ခံဖြစ်ခဲ့ရသည်....အရွယ်ရောက်လာတာနှင့်အမျှ ရှက်စိတ်တွေဟာပိုလို့ဆိုးလာ၏....
တစ်နေ့..မိခင်ဖြစ်သူ၏ဆူပူကြိမ်းမောင်းမှုကြာင့် စိတ်ပျက်ကာ ညည့်နက်သန်းခေါင်တွင်အနီးနားရှိတောအုပ်နက်ကြီးထဲသို့ တစ်ယောက်ထဲထွက်လာခဲ့သည်....တစ်မြို့လုံးကလူတွေဟာ ထိုတောကြီးအား သရဲပျော်တောဟု အမည်ပေးကြသည်... ဝင်တဲ့လူတိုင်းပြန်ထွက်မလာနိုင်သလို ထွက်လာနိုင်တဲ့လူဟာလည်း ၂ရက်အတွင်းမှာပင်သေဆုံးကြရသည်...ထို့ကြောင့်လူတွေဟာသရဲများစွာရှိသည်ဟုမှတ်ယူခဲ့ကြပြီး သရဲပျော်တောဟုအမည်ပေးခဲ့ကြခြင်းပင်...
စိတ်ပျက်စွာဖြင့် သူများသေမလား ဟူသည့်အတွေးဖြင့် တစ်ယောက်တည်းဝင်ရောက်လာခဲ့၏...သို့သော် များလှစွာသောသရဲများကြားထဲတွင် သိပ်ကိုလှပလွန်းသော နတ်သားတစ်ပါးလိုကိုယ်ရောင်ကိုယ်ဝါတောက်လှသည့် သရဲတစ်ကောင်ဟာရှိလို့နေသည်...မှောင်ပိတ်နေသည့် သရဲများအကြားတိုးဝှေ့ရင်း ထိုကာင်ငယ်လေးရှိရာဆီသို့ ရောက်အောင်သွားခဲ့သည်...