Fan meeting Behind..🎟️🔞

2.2K 93 31
                                    

"ဟူး.! မောလိုက်တာ"

လွယ်လာတဲ့ငါ့ရဲ့အိတ်ကလေးကို sofaပေါ်ကိုပစ်ချလိုက်ပြီး ရေခဲသေတ္တာနားကိုငါလျှောက်သွားလိုက်တယ်လေ...ဒီတစ်ခါ Fan meeting ကနည်းနည်းပင်ပန်းတယ်လို့ငါခံစားနေရတယ်!

ငါသက်ပြင်းချလိုက်ရင်းရေခဲသေတ္တာထဲက ရေခဲရေတစ်ဗူးကိုဆွဲယူလိုက်ပြီးမော့သောက်ပစ်လိုက်တယ်..!ဒါကငါ့ကို အနည်းငယ်လောက်တော့မောပန်းနေတာကိုသက်သာစေသည်လေ.!

ငါရေဗူးကိုပြန်ထည့်ခဲ့လိုက်ပြီး ထမင်းစားပွဲပေါ်မှာတင်ထားတဲ့ အာလူးကြော်မုန့်ကိုဖောက်စားလိုက်တယ်...ဒါကလည်းငါကြိုက်တဲ့အရာမဟုတ်ဘူး...ငါ့ရဲ့တစ်စုံတစ်ယောက်ကြိုက်နှစ်သက်တဲ့အရာပေါ့!

နှစ်ခါလောက်ဘဲငါနှိုက်စားခဲ့တာပါ...ပြီးတော့ငါစားပွဲပေါ်ကိုပြန်ပစ်တင်ခဲ့တယ်လေ...ပူလောင်အိုက်စက်နေတဲ့အခြေအနေကြီးကိုဖျောက်ဖျက်ဖြစ်ဖို့အတွက် ငါရေချိုးခန်းထဲကိုဝင်လာလိုက်တယ်...ခဏလောက်ဘဲရေစိမ်ပြီး အအေးထပ်ပတ်မှာစိုးတာကြောင့် ငါရေကိုကမန်းကတန်းချိုးလိုက်တယ်...ဟိုတလောကအဖျားဝင်ထားတာတောင်အရှင်းပျောက်သေးတာမဟုတ်ဘူးလေ!

ငါရေချိုးပြီး ပေါ့ပါးတဲ့ဝတ်စုံတစ်စုံကိုရွေးလိုက်တယ်...ငါ့စိတ်ထဲမှာငါ့အင်္ကျီဘဲဝတ်မယ်လို့တွေးထားပေမဲ့တစ်ကယ်တမ်းငါဝတ်လိုက်တာက တစ်စုံတစ်ယောက်ရဲ့ အင်္ကျီနဲ့ဘောင်းဘီဘဲ.!

သူကငါ့ထက်လူကောင်နည်းနည်းကြီးလို့ငါနဲ့ကျသူ့အင်္ကျီကအနည်းငယ်ပွနေတယ်လေ...ဘောင်းဘီကလည်းပေါင်တိုဆိုတော့ ငါ့ပုံစံက နည်းနည်းcuteနေသလိုဘဲ!

ထားပါ..ငါ့ကွန်ဒိုမှာဘဲငါနေတာ ဒါကအရေးကြီးမနေပါဘူး!

ငါရဲ့ပူလောင်မှုကိုဖြေရှင်းပြီးတော့ ငါဧည့်ခန်းဘက်ကိုထွက်လာခဲ့တယ်လေ ငါဇာတ်လမ်းတွဲကြည့်မလို့ လုပ်နေတုန်း ငါ့ကွန်ဒိုတံခါးကပွင့်လာတဲ့အသံကိုငါကြားလိုက်တယ်...

"Tirak.!!!"

‌ငါပြုံးမိလိုက်တယ်...ဒါကငါ့ရဲ့တစ်စုံတစ်ယောက်ရောက်လာတာဘဲ.!

"ရောက်လာပြီလား?"

"အွန်း!"

လက်ထဲမှာဆွဲလာတဲ့ အထုတ်တွေကိုမီးဖိုခန်းထဲသွားထားရင်း ပြန်ထွက်လာတဲ့ ငါ့ရဲ့တစ်စုံတစ်ယောက်....

Lord of my heart ★Where stories live. Discover now