"Fourth Nattawat!!"
တံခါးစောင့်ဖွင့်သံနှင့်အတူကြားလိုက်ရသောအော်သံကြောင့် သက်ပြင်းရဲ့ရဲ့ချမိသည်...
"ဘာတုန်း?"
"မင်း..မင်း.ဘာတွေလုပ်ခဲ့တာလဲ!!!"
ကျယ်လောင်သည့်အော်ဟစ်သံတွေနှင့်စူးရဲစွာစိုက်ကြည့်နေသည့်မျက်လုံးတစ်စုံဟာ သူ့ကိုဘယ်လောက်ထိမုန်းတီးရွံ့ရှာနေသလဲဆိုတာသက်သေပင်...
"ဟမ်!...မင်းပြောလေ မင်းဘာတွေလုပ်ပစ်လိုက်တာလဲလို့!!!! မင်းပါးစပ်ကပြော!!"
ပုခုံးနှစ်ဖက်ကိုဆွဲကိုင်ကာလှုပ်ရမ်းလာသည့် အချစ်ဦးဖြစ်သူ Gemini Norawit အား စိုက်ကြည့်ရင်း *ဟက်*ခနဲတစ်ချက်ရီလိုက်သည်။
"အင်း....မင်းသိပ်ချစ်လှပါချည်ရဲ့ဆိုတဲ့အမျိုးသမီးလေးကိုငါသတ်ပစ်ခဲ့တာလေ"
သွေးအေးအေးဖြင့်ဆိုလာသော fourth၏စကားသံအဆုံးတွင် Gemini တစ်ယောက် အရုပ်ကြိုးပြတ်သဖွယ်ခွေယိုင်လဲကျသွားခဲ့သည်...
"မင်း...မင်း လုပ်..လုပ်ရက်လိုက်တာ~"
မျက်ရည်များကြမ်းပြင်ပေါ်သို့ တစ်ပေါက်ပေါက်ကျကာ ကြားရုံမျှသာကြားနိုင်လောက်သောလေသံလေးဖြင့်ပြောလာခဲ့သည်...
အပြုံးမမည်သောအပြုံးတစ်ခုကိုပြုံးလိုက်ရင်း ထိုင်ချကာ ငိုယိုနေသောမျက်နှာချောချောလေးအား မေးစေ့မှကိုင်ကာဆွဲမော့လျက်မျက်လုံးချင်းဆုံလိုက်သည်...
"ငါမင်းကိုပြောခဲ့သားဘဲ...ငါ့အနားမှာဘဲနေပြီး ငါ့ရဲ့အရုပ်ကလေးဘဲလုပ်ပါလို့လေ မင်းမှနားမထောင်ဘဲ အချစ်ရဲ့ hmm.?"
ပါးပြင်ပါ်သို့စီးကျနေသောမျက်ရည်ပူများအား သုတ်ပေးလိုက်ရင်း ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်လိုက်သည်....
"မင်းကစကားမှနားမထောင်ဘဲအချစ်ရယ်....ဟင် ငါမပြောခဲ့ဘူးလား ငါကအရမ်းအတ္တကြီးပါတယ်လို့လေ~"
"ငါ..ငါကမင်းချစ်သူမဟုတ်ဘူးလေ..မင်းရဲ့သူငယ်ချင်း...ငါလည်းငါချစ်တဲ့သူကိုချစ်ပိုင်ခွင့်ရှိတယ်!!!!"
တဖြည်းဖြည်းကျယ်လောင်လာသောအသံကြောင့်နှုတ်ခမ်းလှလှလေးပေါ်သို့လက်ညိုးတင်လိုက်ရင်း တိုးတိုးနေဖို့သတိပေးလိုက်သည်...