"Hay..!! Fourth မင်းဒီနေ့ music club မသွားဘူးလား"
School canteen တွင်စိတ်ပျက်လက်ပျက်ဖြင့်ထိုင်နေသာ သူ့အား fordမှ လက်တရမ်းရမ်းပြရင်း အော်ပြောသည်..
"သွားချင်ရင်လည်းသွားလို့မရတော့ဘူး ဒီနေ့ဘဲကျောင်းကောင်စီကကြေညာလိုက်တယ် music club ကိုဖျက်သိမ်းမယ်တဲ့!"
"အော် ဒါကြောင့် မင်းတို့မျက်ခွက်တွေက အိုးမဲသုတ်ထားသလိုမဲမှောင်နေတာဘဲ!!"
Ford ကပြောရင်းဝင်ထိုင်သည်... captain,prom, satangနဲ့winynny တို့မှာလည်းထိုနည်းတူပင် မျက်နှာတွေဟာ မဲမှောင်နေ၏...
"ကဲကဲ ငါအကြံလေးဘာလေးပေးနိုင်အောင် အခုအသစ်တက်တဲ့ကျောင်းကောင်စီဥဣဌအမည်လေးသိပါရစေခမျ.."
"Gemini!!"
သူအံကြိတ်ကာပြောလိုက်သည်...သေချာပေါက် Gemini ဆိုတဲ့ကောင်က သူ့ရဲ့ music club ကို ကောင်စီထဲမဝင်ခင်ထဲက ဖြုတ်ချချင်နေတဲ့ကောင်ပေါ့!!အသစ်ပြောင်းသွားတဲ့ ကျောင်းအုပ်ကလည်းသူ့အမေဖြစ်နေတာဆိုတော့ သူ့အတွက်က ကောင်စီဥဣဌနေရာကိုအလွယ်လေးဘဲလေ!!! အားးးး!!! တွေးမိလေလေ ဒေါသအရမ်းထွက်လေဘဲ!!
"ဟမ်? ဘယ်သူ"
"စောက်နားလေးရဲ့ Gemini Norawit မင်းအဖေ မင်းအဖေ!!"
သူဒေါသထွက်ထွက်ဖြင့် ရှေ့မှ fordအားအော်ငေါက်မိလိုက်သည်...သို့သော်လည်းသူငယ်ချင်းအရင်းကြီးဖြစ်နေသည့်အတွက် သူဘယ်လိုပြောပြောဆဲဆဲ စိတ်မဆိုးတာကြောင့် အဆင်ပြေသည်...
"ဟ! အဲ့တာကိုဒီတိုင်းလာမှိုင်နေကြတာပေါ့?"
"ငါတို့ကလာမမှိုင်လို့ထကနေရမှာလား?"
မျက်မှောင်ကြုံ့ရင်းမေးလိုက်တော့ fordကရီသည်..ထို့နောက် သူ့ခေါင်းအားတစ်ချက်ခေါက်ရင်း..
"အရူး! Club leader ကဘယ်သူလဲ?"
"ငါလေ"
"အေးမင်းက leaderလေ မင်းကဘာမှထမလုပ်တော့ မင်းအဖွဲ့သားတွေက မင်းကိုဘယ်လိုအားကိုးမှာလဲပြောစမ်းပါအုန်း"
"ဟ! ဟိုကကောင်စီ မင်းအဖေတွေကတော်ရုံမဟုတ်ဘူး ငါကဘယ်လိုသွားပြီးလုပ်ရမှာလဲ ပါးတက်ရိုက်ရမှာလား?"