မိုးဖွဲဖွဲကျနေတဲ့နေ့ရက်....ငါကမိုးရာသီကိုအရမ်းသဘောကျသည်...မိုးစက်ကလေးတွေငါ့အပေါ်ကိုကျလာရင်ငါပျော်သည်...မိုးများရွာလာပြီဆိုရင် သေချာပေါက်ငါအိမ်မှာမရှိပေ...ထီးလေးတစ်ချောင်းဖြင့်နေရာစုံလျှောက်တတ်သည်ကငါ့ရဲ့ငယ်ငယ်တည်းကအကျင့်စရိုက်လေးတစ်ခု.....ဒါပေမဲ့...
"ဟေး Fourth မိုးရွာနေတယ် ကားတွေထားခဲ့ပြီးငါနဲ့အတူတူလမ်းလျှောက်ပြန်ကြမလား?"
"Ai Gemကျပ်မပြည့်ဘူးလား မိုးရွာကြီးထဲဘယ်အရူးကလမ်းလျှောက်မှာလဲ စီးစရာကားကြီးတစ်စီးလုံးရှိနေတာကို ပြီးတော့အဲ့မိုးရာသီကိုငါမကြိုက်ဘူး!"
"အော်..အေးပါကွာ ဒါဆိုရင်ငါသွားပြီနော်"
"အင်း ဂရုစိုက်အုန်း ချော်လဲရင်ဘေးမှာထူမဲ့ငါမပါဘူးနော် အရူး!"
"အေးပါ သိတယ် !"
မိုးပြာရောင်ထီးလေးကိုင်ရင်းငါ့ကိုကျောခိုင်းပြီး car parking ကိုထွက်သွားတဲ့ကျောပြင်လေးကိုငေးကြည့်ရင်း ငါတွေးနေမိသည်..ငါသိပ်ချစ်မိခဲ့ရတဲ့ ဒီလူသားလေး..တစ်နည်းအားဖြင့်ငါ့ရဲ့ရှေ့နေပေါက်စကလေးဟာ မိုးရာသီကိုပိစိလေးလောက်တောင်သဘောမကျပေ...ငါနဲ့သူဟာအရာရာတိုင်းလိုလိုဆန့်ကျင်ဘက်တွေဖြစ်နေတတ်သည်...ငါကဆရာဝန် သူကရှေ့နေ ငါကမိုးရာသီကိုသိပ်သဘောကျပေမဲ့ သူကတော့မိုးရာသီကိုတအားမုန်းသည်...ငါကဆလပ်ရွက်တွေမကြိုက်ဘူး သူကတော့အဲ့တာတွေကိုအရမ်းကြိုက်သည်...ငါကကော်ဖီပူဆို သူကကော်ဖီအေး ငါကအေးဆေးပေမဲ့ သူကတော့ကတ်ကတ်လန်အာင်စွာတတ်သည့်သူလေး...အဲ့ထဲကမှအဆိုးဆုံးကတော့ သူဟာယောက်ျားလေးတွေကိုတစ်စက်မှသဘောမကျ မိန်းကလေးတွေကိုသာတစ်ပတ်တစ်ယောက်လောက်ပြောင်းတွဲနေတတ်သည့် play boyလေးတစ်ယောက်ပင်...နာကျင်ရပါသည်..ငါကသူမှသူဖြစ်နေပေမဲ့လည်း သူကတော့အဖြောင့်ကြီးမို့ ခက်ရချေသည်...ဖြောင့်နေတာကိုကွေးအောင်လုပ်ဖို့ဟာလည်းဘယ်ကစလို့ဘယ်လိုုလုပ်ရမှန်းငါတစ်ကယ်ကိုအကြံမထုတ်တတ်ပါ...စာမှာသာ No.1ချိတ်နေပေမဲ့ အချစ်ရေးနဲ့ပတ်သက်ရင် Norawitတို့ဟာငထုံလေးတစ်ယောက်လိုပင်..
"ဟူး~"
ငါသက်ပြင်းလေးခပ်တိုးတိုးချရင်း ဖုန်းကိုထုတ်ကာ ငါ့ရဲ့ Bodyguard ကိုကားလာယူဖို့ပြောလိုက်သည်...ထီးလေးကိုပိုတင်းအောင်ဆုပ်ကိုင်ရင်းတက္ကသိုလ်ကြီးရဲ့ဝင်းပြင်ကိုထွက်လာခဲ့သည်။