စိမ်းရက်လေသလား ‌P-2

15 3 0
                                    

ကျုပ်အိမ်ကိုပြန်ရောက်တော့ ကျန်းမာရေးမကောင်းဘူးဆိုပြီး 2ရက်ခြားကြေးနန်းရိုက်နေတဲ့ကျုပ်အမိက သူမဟုတ်တဲ့အပိုင်းဘဲ ‌ဒေါင်ဒေါင်ကိုမြည်နေတာဘဲဗျာ။ ပြန်ရောက်တဲ့နေ့ကတော့ ကျုပ်လည်း လွမ်းလွမ်းနဲ့ ကျုပ်အမိလက်ရာကို အားပါးတရအဝစားလိုက်တယ်ဗျ။ ဘိလပ်မှာနေလို့ ငပိအနံ့မခံနိုင်ဘူးလို့အထင်မစောပါလိုက်နဲ့ဦး၊ ကျုပ်က ငပိဆို အရည်ဘဲဖျော်ဖျော်၊ ထောင်းထောင်း၊ မီးဘဲကင်ကင် လွှတ်ကြိုက်တာဗျ။
မကြာလိုက်ပါဘူး အမွှေးပါးပါးနဲ့ ဆေးရုံအုပ်ဆိုတဲ့သူက ကျုပ်ကို နယ်ကိုလက်တွေ့ကွင်းဆင်းဖို့လွှတ်မယ်ဆိုပြီးပြောလာတယ်။ အစကတည်း နယ်သွားရမယ်ဆိုရင် ကျုပ်ဆိုတဲ့ကောင်ကပြန်တောင်လာမှာမဟုတ်ဘူးဗျို့၊ ကျုပ်အထင် ဒီဆေးရုံအုပ်ဆိုတဲ့သူက ကျုပ်ကိုအမြင်မကြည်နေတာနေမယ်၊ ဘာလို့ဆို ကျုပ်ကသူ့ထက် အမွှေးထူတယ်လေ အယ် ဆံပင်မွှေးပြောပါတယ်။

လူက ဝဝဖိုင့်ဖိုင့် ပုပုနဲ့ ထိပ်ကလည်း ပြောင်ချက်ဗျာ၊ ဗမာပြည်မှာလေယာဉ်ဆင်းသက်ဖို့ ကွင်းမရှိရင် သူ့နဖူးကိုခနငှားရမယ်။ အရပ်ကလည်း ကျုပ်ပုခုံးလောက်ရှိတဲ့သူကို ငုံ့ငုံ့ပြီးပြောနေရတာတော့ မလွယ်ဘူးပေါ့ဗျာ၊ ဒီမြို့မှာတော့ သူအကြီးဆုံးလို့ပြောတာဘဲ၊ ကျုပ်အထင်တော့ စောက်စားကြီးတာဘဲနေမယ်၊ သူ့ဗိုက်ဆိုနဲတဲ့ဗိုက်မဟုတ်ဘူးဗျာ၊ မိန်းကလေးသာဆိုရင် အထဲမှာငါးမွှာပူးလောက်ရှိသလားမှတ်ရတယ်။ သူဘယ်လိုပုံနဲ့ ဆေးရုံအုပ်ဖြစ်လာသလဲဆို‌တာ စဉ်းစားတောင်မရတော့ဘူး။

လက်ပံကုန်းရွာဆိုတာ ကျုပ်အသက်18 ဗမာပြည်မှာနေကတည်းက တခါမှမကြားဖူးဘူးတဲ့ရွာဗျ။ ကျုပ်အမိကိုမေးကြည့်တော့ သူလည်းမသိဘူးပြောတယ်ဗျ၊ ဘာလို့ဆို ကျုပ်အမိက အထက်တန်းမြို့သူလေ၊ ငယ်ငယ်ကတည်းက မြင်းစီးပြီးကျောင်းတတ်ခဲ့ရတာတဲ့ဗျ၊ အသက် 14နှစ်မှာကျောင်းကို မော်တော်ကားစီးပြီး‌လာတဲ့ ပထမဦးဆုံးသူဆိုဘဲ၊ ခြေထောက်နဲ့မြေကြီးတောင် မထိဘဲနေခဲ့ရတာဆိုလားဗျာ၊ တခါတလေတော့လည်း သူမြှောက်ပြောတာတွေကို ခေါင်းတညိမ့်ညိမ့်နဲ့ နားထောင်ပေးရတာပါဘဲ။

ကျုပ်အဘကတော့ တနယ်ပြီးတနယ်လှည့်ပြီး စာသင်နေတဲ့ကျောင်းဆရာဗျ၊ ဒါ့ကြောင့် တခုခုဆိုအဘကို‌မေးရတာဘဲ အဘက စာတွေ့ရော၊ လက်တွေ့ရော ကျုပ်တို့ထက်ဗဟုသုတပိုကြွယ်တယ်လေ။ အဘအသက် 30မှာ ကျုပ်အမိနဲ့ မြို့ပေါ်မှာစတွေ့တာဆိုလားဘဲ၊ အဘက အဲ့တုန်းက ကျုပ်အမိတို့ကိုစာသင်ပေးရတဲ့ကျောင်းဆရာလေ။ ပြောမယ့်ပြောတော့ ခရေစေ့တွင်းကျ အကုန်ပြောပြလိုက်ပါတေ့မယ်ဗျာ။

စိမ်းရက်လေသလားWhere stories live. Discover now