စိမ်းရက်လေသလား P-1

39 2 0
                                    

ရထားဖြင့် 2နာရီကြာစီးပြီးနောက် လှည်းဖြင့် 5နာရီကြာသွားရသည်ဟူသော လက်ပံကုန်းရွာသို့ ခရီးစခဲ့ရပုံမှာတော့ ဒီလိုဗျ။ ကျုပ်က ဘိလပ်ပြန်ဆရာဝန်တစ်ယောက်၊ အယ် မြန်မာစာတမ်းကိုလည်း ကျုပ်တစ်ယောက်ထဲ ဂုဏ်ထူးနဲ့အောင်ခဲ့တာဗျ၊ ဒါကြောင့် အဘက ကျုပ်ကိုဘိလပ်ကို ဆေးပညာသင်ဖို့လွှတ်ခဲ့တာ။ အင်း ကျုပ်အသက် 18ကတည်းက ဘိလပ်မှာပညာသင်ခဲ့တာ ခုဆိုကျုပ်လည်း 23ထဲဝင်ရောပေါ့။
ကျုပ်က ပညာရေးမှာ လွှတ်တော်တဲ့ကောင်လေ၊ ကျောင်းမှာဆို ဘိလပ်က မျက်နှာဖြူဆေးကျောင်းသားတွေထက်တောင် ကျုပ်ကနာမည်ပိုကြီးတယ်ဗျ၊ အိုး ဘိလပ်သူလေးတွေကလည်း ကျုပ်ဆိုသိပ်ကြိုက်ကြတယ်ဗျ၊ ကျုပ်လို အဘက်ဘက်ကပြည့်စုံနေတဲ့သူအတွက်တော့ ဒါတွေကရိုးနေပါပြီဗျာ။

ဒီလို ခေါင်‌ခိုက် ပူပြင်း လူသူအရောက်အပေါက်နည်းတဲ့ ကျုပ်များဖြင့် ကြားတောင်မကြားဖူးတဲ့ ဒီလိုရွာကို ရောက်လာရတဲ့အကြောင်းကတော့ မြို့ပေါ်က ဆေးရုံအုပ်ဆိုလား ဆေးရုံချုပ်ဆိုလား ထိပ်မွှေးပါးပါးနဲ့လူက ‌တာဝန်ပေးလိုက်တာဗျ။ ကျုပ် အမိမြေကိုပြန်လာမယ်ဆိုတော့ ကျုပ်နေတဲ့မြို့ရဲ့သက်ဆိုင်ရာ ဆေးရုံကိုအသိပေးအကြောင်းကြားစာပို့ရတယ်ဗျ၊ ဒါမှလည်း ကျုပ်အဲ့ဆေးရုံမှာ အလုပ်တန်းဝင်လို့ရမှာပေါ့ဗျာ။
ဘိလပ်မှာဆို ကျုပ်အလုပ်ဝင်ချင်တဲ့ဆေးရုံ ခေါင်းခေါက်ရွေးချယ်လို့ရသဗျ၊ အမယ် ဒီမှာတော့ပြန်လာမယ်လို့ဆုံးဖြတ်လိုက်ကတည်းက ဟိုအကြောင်းကြားစာ ဒီပို့ခိုင်း၊ ဒီအကြောင်းကြားစာ ဟိုပို့ခိုင်းနဲ့ တယ်ကိုအလုပ်ရှုပ်သဗျ၊ ကျုပ်များဖြင့် ခေါင်းနားပန်းကိုကြီးပြီး ချာချာကိုလည်နေတာဘဲ‌ဗျာ။

ကျုပ်ပြန်မလာဘဲ ဘိလပ်မှာဘဲအလုပ်လုပ်တော့မယ်လို့ ကျုပ်အမိနဲ့အဘကို စာပို့တော့ တယ်ကိုကန့်ကွက်တယ်ဗျ၊ ကျုပ်အမိဆိုရင် တယ်ကိုမာယာများတဲ့မိန်းမကြီးပါဗျာ၊ ကျုပ်ဆီကို ခုနေသွေးတိုးလို့ တော်ကြာနေ မူးလို့နဲ့ 2ရက်မခြားမနေကြေးနန်းရိုက်နေတာ ကျုပ်ကတော့ ဒါတွေသိနေပေမယ့်လည်း မသိခြင်ထောင် ထောင်ရတာပေါ့ဗျာ၊ အယ် မသိချင်ယောင်ဆောင်‌တာပြောပါတယ်။ ကျုပ်တို့ဘိလပ်မှာတော့ တယ်လီဖုန်းကိုင်နိုင်တဲ့သူပေါများပေမယ့် ဗမာပြည်မှာတော့ကား အင်မတန်ကိုချမ်းသာကြွယ်ဝတဲ့အထက်တန်းစားတွေဘဲကိုင်နိုင်တာဗျို့။

စိမ်းရက်လေသလားOù les histoires vivent. Découvrez maintenant