စိမ်းရက်လေသလား P - 9

6 3 0
                                    

နောက်တနေ့ နံနက်အစောကြီး ကျုပ်တို့အိမ်ရှေ့ တစ်ယောက်ယောက်ခေါ်သံကြားရလို့ ကျုပ်အိပ်ရာကနေ ကမန်းကတန်းထကာ အိမ်အောက်ကိုပြေးဆင်းလာလိုက်တယ်။

" ဟော ကျုပ်နဲ့ဘယ်သူများလဲလို့ ဘမြိုင်ပါလား "

ရွာသူကြီးဦးဝင်းမြိုင်ဘေးတွင် ဝင်းအေးနဲ့ဝင်းသိန်းလည်း ပါလာတယ်ဗျ။ ကျုပ်လည်း ခုမှအိပ်ရာက ကမန်းကတန်းထလာရတာမို့ အိပ်မှုံစုံဝါး ဖြစ်နေ‌တာပေါ့ဗျာ။

" ‌ထိုင်ပါ ဘမြိုင် "

အိမ်ရှေ့ကအမိုးအောက်တွင် စားပွဲနဲ့ထိုင်ခုံအသင့်ရှိနေတာမို့ ဘမြိုင်တို့ကို အိမ်ထဲမခေါ်တော့ဘဲ အိမ်ရှေ့တွင်သာဧည့်ခံလိုက်သည်။

" မနက်စောစော အကြောင်းထူးလို့လား ဘမြိုင် "

" အ‌ယ် အကြောင်းထူးတယ်ရယ်လို့လည်းမဟုတ်ပါဘူး။ မနေ့ညနေက ဆရာတော်ဘုရားဆီသွားမယ်လို့ ကျုပ် ဆရာဝန်ငယ်ကို ပြောလိုက်မိသလားလို့ပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီမနက်ဝေလီဝေလင်း ဆရာတော်ဘုရားက ကျောင်းက ကလေးတစ်ယာက်နဲ့ ကျုပ်ကိုအခေါ်လွှတ်လိုက်လို့ အဲ့တာ ဆရာဝန်ငယ်ကိုပါ အတူသွားရအောင်လာခေါ်တာ။ "

" ဟုတ်ကဲ့ ဒါဆို ကျုပ်ကိုခနလောက်စောင့်ပေးပါ ဘမြိုင်။ "

ခနကြာတော့ ဘမြိုင်က ဝင်းအေးနဲ့ဝင်းသိန်းကို ပြန်လွှတ်လိုက်တယ်ဗျ။ ကိုလှသိန်းကိုတော့ ကျုပ်ဆေးပစ္စည်းအိတ်နဲ့ ဆေးခန်းကိုအရင်သွားခိုင်းလိုက်တယ်။ နောက်မှကျုပ်လိုက်လာမယ်လို့ပြောပြီး တစ်ယောက်ထဲ လွှတ်လိုက်ရတယ်ဗျ။ ဒီလိုနဲ့ဘဲ ကျုပ်နဲ့ ဘမြိုင် ဘုန်းတော်ကြီးကျောင်းဆီဦးတည်လာလိုက်တယ်။ ကျုပ်အိမ်နဲ့ ဘုန်းတော်ကြီးကျောင်းက သိပ်တော့မဝေးဘူးဗျ။

ဘယ်လောက်မျှပင်မကြာလိုက်ပါ၊ ကျုပ်တို့ကျောင်းဝင်းထဲ ရောက်လာတယ်ဗျ။ ဘုန်းကြီးကျောင်းဝန်းထဲကို စဝင်လာတော့ အဝင်ပေါက်မှာ ကျုပ်အိမ်ရှေ့ကလို လက်ပံပင်ကြီးကြီး 2ပင် တဖက်တချပ်မှာ ရှိနေတာကို ကျုပ်သတိထားမိတယ်ဗျ။ ဝန်းထဲမှာတော့ ကလေးတွေ စာကျက်သံက တဝန်းလုံးညံနေတာဘဲဗျာ။

စိမ်းရက်လေသလားWo Geschichten leben. Entdecke jetzt