လက်ပံကုန်းရွာဆိုသည့်အတိုင်း လက်ပံပင်တော့ အင်မတန်ပေါတာဗျ၊ ဟိုနားကြည့်လည်း နီနီဆွေးဆွေး၊ ဒီနားကြည့်လည်း နီနီဆွေးဆွေး၊ မြေပြင်တစ်လျှောက် လက်ပံပွင့်ရဲရဲလေးတွေ ပြန့်ကျဲနေတာဘဲဗျ။ ဒါ့ပြင် လာတဲ့လမ်းခရီးက ခြောက်သွေ့နေပေမယ့် ရွာထဲမှာတော့ သစ်ပင်ရိပ်အုံ့အုံ့မှိုင်းမှိုင်းနဲ့ စိမ်းစိုနေတာဘဲဗျ။ လယ်ကွက်လည်း အင်မတန်များတာဗျ။ ညနေရောက်တော့ ဘမြိုင်က ရေနွေးကြမ်းနဲ့ လက်ပံပွင့်သုပ် ဧည့်ခံတယ်ဗျ၊ ကြက်သွန်ဖြူဆီသတ်မွှေးမွှေးလေးနှင့် မြေပဲဆံလေးဖြင့် လက်ပံပွင့်သုတ်လေးက အရသာရှိလိုက်တာမှ ရှယ်ဘဲဗျို့။ စားသုံးဆေးဝင် လက်ပံပင်တဲ့၊ နယ်ဖက်မှာတော့ ဆေးဖက်ဝင်တဲ့ ရာသီစာတခုပေါ့ဗျာ။
ကျုပ်နေရမယ့်နေရာက ရွာလယ်ဘက်မှာလို့ပြောတယ်ဗျ၊ ဘုန်းကြီးကျောင်းနဲ့နီးတယ်ဆိုဘဲ။ ကျုပ်နေရမယ့်နေရာကသပ်သပ်၊ ရွာဆေးခန်းကသပ်သပ်ဆိုဘဲ။ ဘယ်လောက်မှမဝေးပါဘူး လမ်းလျှောက်သွားရင်တောင်ခနလေးတဲ့ဗျ။ လိုအပ်ရင် လှည်းနဲ့အသွားအပြန်လိုက်ပို့မယ်ဆိုပြီးပြောတော့ ဒီလောက်နဲ့ဒီလောက်တော့ ကျုပ်လည်းလျှောက်နိုင်ပါတယ်ဗျာ၊ ပြီးတော့ သူများကိုလည်း အားနာစရာတွေဖြစ်ကုန်မှာစိုးလို့ ငြင်းလိုက်ရတယ်ဗျ။ တောဓလေ့ဆိုတော့ ညကိုးနာရီလောက်ဆို အိပ်တဲ့အိမ်က အိပ်ကြပြီလေဗျာ တစ်ရွာလုံးလည်းမှောင်နေပြီဗျ။
ညအတော်နက်နေပြီမို့ ရွာက ကာလသားအုပ်စုက ကျုပ်ကို ရွာလယ်ကအိမ်အသစ်ကို လိုက်ပို့ကြလေရဲ့ဗျာ။ အဲ့အချိန်မှာဗျာ ထူးထူးဆန်းဆန်း ကျုပ်ကြက်သိမ်းမွှေးတွေ ထရလောက်တဲ့အထိ အဖြစ်အပျက်အချို့ကို ကြုံခဲ့ရတယ်ဗျ။
" ဆရာဝန်ငယ် ခင်များနာမည်အပြည့်အစုံက ဘယ်လိုလဲဗျ။ "
ဘေးကနေ ဝရင်းတုတ်ကိုင်ထားသော ညိုညိုတောင့်တောင့် ကာလသားခေါင်းဆောင်က မေးလာလေရဲ့။
“ ကျုပ်နာမည် ရစ််ခ်ချက်သူရမောင် ”
“ ဟ နာမည်က တော်တော်ဆန်းတာကိုးဗျ။ ”
“ ဒါဖြင့် ခင်များနာမည်ရော ဘယ်လိုခေါ်သလဲ ”
“ ကျုပ်နာမည်ကတော့ လှသိန်း တဲ့ဗျို့။ ကျုပ်မိခင်က ကျုပ်မွေးတုန်းက ဖြူဖြူဖွေးဖွေး လှလှကလေးမို့ ကျုပ်အဖေနာမည်လည်းပါအောင် လှသိန်းဆိုပြီး မှည့်ခဲ့တာတဲ့ဗျာ။ ကျုပ်ကတော့ မကြိုက်ပေါင်။ ”
VOCÊ ESTÁ LENDO
စိမ်းရက်လေသလား
Romanceမိသားစုဂုဏ်အရှိန်အဝါကြီးမားသည့်အပြင် အဘက်ဘက်ကပြည့်စုံတဲ့ အသက်ငယ်ငယ်ဘိလပ်ပြန်ဆရာဝန်တစ်ဦးနှင့် လက်ပံကုန်းရွာမှ စုန်းအတတ်ဖြင့်လူတွေကိုမညှာမတာနှိပ်စက်သတ်ဖြတ်နေသည့် ရက်စက်သည့်လူနှင့် ဘယ်လိုအကြောင်းပါလို့ ရေစက်ဆုံကြမလဲဆိုသည့်အကြောင်းကို ရေးသားထားခြင်းဖြစ်...