စိမ်းရက်လေသလား P - 11

6 3 0
                                    

ဗျို့ ဆရာဝန်ငယ် ဆရာဝန်ငယ် !!!!

အိမ်အောက်ကနေ အလန့်တကြားအော်ခေါ်နေသော ကိုလှသိန်းကြောင့် သူရမောင်တစ်ယောက်အိမ်အောက်ကို ခပ်သုတ်သုတ်ဆင်းလာလိုက်သည်။

" ဗျို့ ကိုလှသိန်း ဘယ်နှယ့်အလန့်တကြားအော်ခေါ်နေရသတုန်းဗျ "

" တော်သေးတာပေါ့ ဆရာဝန်ငယ်ရယ် ဘာဖြစ်သွားသေးတုန်း။ "

" ဪ ခင်များနှယ့် အစမရှိအဆုံးမရှိ ကျုပ်ကဘာဖြစ်ရမှာတုန်းဗျ "

သူရမောင်တစ်ယောက် ကာလသားခေါင်း‌ဆောင် လှသိန်းစကားကိုနားမလည်စွာဖြင့် ခေါင်းကုပ်ရင်းမေးလိုက်သည်။

" ညနေက မရဏမင်း ဆရာဝန်ငယ်လက်ဆွဲပြီးခေါ်သွားတယ်ဆိုလို့၊ ပြီး ပြီးတော့ ညနေရန်ပွဲထဲက အရီးတိုး သားလည်းအခုပျောက်နေလို့။ "

ဘယ်လို!!!

" ဟုတ်တယ် ဆရာဝန်ငယ်ရေ အရီးတိုးက အဲ့မရဏဆိုတဲ့ လူဆီမှာ ‌အကြွေးတင်နေလေရဲ့။ အဲ့ဒါဆပ်ဖို့မတတ်နိုင်သေးတော့ အရီးတိုးရဲ့သားအငယ်ကောင်ကို ဖမ်းခေါ်သွားတယ်ဆိုဘဲ။ "

" ဟုတ်လို့လား ကိုလှသိန်းရယ် အဲ့မရဏဆိုတဲ့လူ့ဂွစာကြီးက ညနေကကျုပ်နဲ့အတူရှိနေတာပါဗျ "

" အိုဗျာ ကျုပ်ကမဟုတ်မက ပြောမလား၊ ကျုပ်တို့တစ်ရွာလုံးလည်းသိတယ်။ ဒီလူ့လက်ချက်ဘဲဆိုတာ။ ဆရာဝန်ငယ်သိတဲ့အတိုင်းဘဲ ဒီမြေ၊ ဒီရေက အတော်ပူတော့ ‌ဒီနှစ်စိုက်ပျိုးရေးက ထင်သလောက်မဖြစ်ခဲ့ဘူး။ ငွေရေးကြေးရေးဆိုရင် ကျုပ်တို့တစ်ရွာလုံးနီးပါး ဒီလူ့ဆီဘဲသွားရတာ။ မသွားလို့လည်းမရဘူးလေ၊ ဒီရွာမှာ သူဘဲပြီးပြည့်စုံသကိုး။ "

" အို ဘယ်လိုဘဲဖြစ်ဖြစ် ကျုပ်ကတော့အထင်နဲ့ မဆုံးဖြတ်စေချင်ဘူးဗျာ၊ ဒါနဲ့ ခုရော ဘယ်နှယ့်လုပ်ဖို့ဆုံးဖြတ်ထားလဲဗျ "

" အရီးတိုးကတော့ သားကိုစိုးရိမ်ဇောကြောင့် ကျုပ်တို့ကာလသားတွေကို အကူအညီတောင်းလာရှာတယ်။ ဒါပေမယ့်ခက်တာက ကျုပ်တို့ရွာက ညဉ့်နက်ရင်ဘယ်သူမှအပြင်မထွက်ရဘူးလို့ သူကြီးကအမိန့်ထုတ်ထားတယ်။ ပြီးတော့ မရဏဆိုတဲ့လူရဲ့အိမ်က တောထဲမှာ၊ တောထဲတောင်ထဲဆိုတာ ညဘက်ထွက်ရင် အန္တရာယ်များလွန်းလို့ ညဘက်တောထဲမသွားဖို့ ကျုပ်တို့အစဉ်အဆက် တားမြစ်လာခဲ့ကြတာ။ "

စိမ်းရက်လေသလားWhere stories live. Discover now