စိမ်းရက်လေသလား P - 8

5 2 0
                                    

ကျုပ်မသိလိုက်ခင်မှာတင် ကျုပ်စိတ်တွေလေးလံလာကာ မျက်ရည်စများကကျလာတော့တယ်ဗျ၊ အခုကျုပ်အခြေအနေက ကူကယ်ရာမဲ့နေတဲ့ သိုးသူငယ်လို။

ငါ သရဲသတ်လို့သေရတော့မှာလားဟင်....

ကျုပ် အတွေးထဲမှာကြောက်ကြောက်လန့်လန့်ပင် တွေးလိုက်ကာ ကျုပ်ခြေလှမ်းတို့ကရပ်တန့်သွားလေသည်။ ထို့နောက် အေးစက်၍ ကြီးမားသောလက်တစ်စုံက ကျုပ်ပုခုံးကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် ကျုပ်အားအင်တွေ ယုတ်လျော့သွားကာ မြေကြီးပေါ် ဖင်ထိုင်လျက်သားလဲကျသွားတယ်ဗျ။

ရွှတ်* ဟင့်

ကျုပ်တုန်ရီနေသောလက်တစ်ဖက်ဖြင့် ကျုပ်မျက်စိကိုပွတ်ဆွဲကာမျက်ရည်သုတ်လိုက်သည်။

“ ဘာလို့ငိုသလဲ? ”

“………”

ခက်ထန်မာကြောသော အသံနက်နက်ဩဩက ရင်းနှီးသ‌ယောင်ရှိနေလေသည်။

အင့်*

ဦးငယ်ရဲ့လက်ဖဝါးကြမ်းကြမ်းက ကျုပ်မျက်နှာပေါ်ရောက်လာတာကြောင့် ကျုပ်ဖင်ထိုင်လျက်သား နောက်ဆုတ်မိသွားသည်။ ထို့နောက် ဦးငယ်ကသူ့လက်မဖြင့် ကျုပ်မျက်ရည်စတွေကို ပွတ်ဆွဲလိုက်သည်။

“ မောင်ရင်တစ်ယောက်ထဲ အိမ်မပြန်ရဲမှာစိုးလို့ ကျုပ်လိုက်ပို့ပေးမလို့။ ဒါငိုစရာပါသလား မောင်ရင်။ ”

ဟင်*

ခုနက ငိုထားတာကြောင့် ကျုပ်မျက်လုံးတွေစပ်နေသေးတယ်ဗျ။ ဘေးမှာ ဦးငယ်ပါလာတော့ ခုနကလောက်ထိတော့ မကြောက်တော့ပေါင်။ ဒီလိုအချိန်ဆို ကျုပ်အိမ်ကိုသိပ်ပြန်ချင်တာဘဲဗျာ။ ဒီမှာလူမသိ သူမသိ သရဲသတ်လို့ သေရမှာထက်စာရင်တော့ မိသားစုအရှိန်အဝါသုံးပြီး ဟိုမှာဘဲ လူမုန်းခံလိုက်တော့မယ်။ နက်ဖန်ကျုပ် ရွာဦးဘုန်းကြီးကျောင်းဆီ သွားလျှောက်မယ်ဗျ။ ပြီးရင်တော့ ကျုပ် အမြန်ပြန်ဖို့စီစဉ်ရမှာဘဲဗျာ။

ကျုပ် ဦးငယ်ကို မျက်လုံးတချက်ဝေ့ကြည့်လိုက်တိုင်း ဦးငယ်ကလည်း ကျုပ်ကိုပြုံးပြီးပြန်ကြည့်နေခဲ့တယ်ဗျ၊ ဒါဘယ်လိုဖြစ်န်ိုင်မှာလဲ သူနဲ့ကျုပ်ကစိတ်ချင်းဆက်နေတာမှမဟုတ်တာဗျ၊ ကျုပ်သူ့ကိုကြည့်လိုက်တိုင်း သူကလည်း ကျုပ်ကိုပြန်ကြည့်နေခဲ့တယ်။

စိမ်းရက်လေသလားOnde histórias criam vida. Descubra agora