စိမ်းရက်လေသလား P - 7

9 3 0
                                    

ညနေစောင်းတော့ ကျုပ်သိမ်းဆည်းစရာ ရှိတာတွေ သိမ်းဆည်းပြီး ဆေးခန်းကိုသော့ခတ်ပိတ်ထားလိုက်တယ်ဗျ။ ခိုးမယ့်ဝှက်မယ့်သူတော့မရှိပေမယ့်လည်း အစစအရာရာ ကြိုတင်ကာကွယ်ထားတော့ကောင်းတာပေါ့ဗျာ။ကျုပ်အိမ်ကိုတန်းမပြန်ဘဲ ဘမြိုင်တို့ဆီသွားမယ်ဆိုပြီး ရွာတောင်ပိုင်း လက်ပံတန်းတစ်လျှောက် ချီတတ်ရတာပေါ့ဗျာ။ သူကြီးအိမ်နဲ့ ဆေးခန်းနဲ့ဆို 15မိနစ်လောက်တော့လမ်းလျှောက်ရတယ်ဗျ၊ ကျုပ်အိမ်နဲ့ဆိုရင်တော့ နာရီဝက်နီးပါးပေါ့ဗျာ။

ဒါမယ့် ကျုပ်လိုခြေတံရှည် လက်တံရှည်တဲ့သူတွေ ခြေလှမ်းကျဲကျဲဖြင့်လျှောက်ရင်တော့ ခနလေးနဲ့ရောက်ပါိတယ်ဗျ။ အချိန်အားဖြင့် ညနေ 4နာရီလောက်ရှိတော့မယ်ဗျ၊ ဘုန်းကြီး‌ကျောင်းက ကလေးတွေကျောင်းဆင်းချိန်ပေါ့ဗျာ။ အဖြူအစိမ်းဝတ်တဲ့သူကဝတ်၊ အိမ်နေရင်းအဝတ်စားဝတ်တဲ့သူကဝတ်နဲ့ ဘေးလွယ်အိတ်လေးတွေလွယ်ကာ တစီတတန်းလျှောက်လာကြပုံမှာ ကျုယ်ငယ်ဘဝကိုတောင်သွားသတိရမိတယ်ဗျ။

ထိုထဲမှ အသက် 8နှစ်အရွယ်၊ စွပ်ကျယ်အနက်ကိုဝတ်ဆင်ထားတဲ့ ကလေးနှစ်ယောက်က ကျုပ်ကိုမမြင်သလို ဝင်တိုက်သွားသည့်အပြင် လှည့်တောင်မကြည့်ဘဲ ထွက်သွားသည်မို့ ကျုပ်စိတ်ထဲထောင်းခနဲဖြစ်သွားတယ်ဗျ။ ကလေးပင်ဖြစ်သော်ငြားလည်း တောင်းပန်စကားလေးတောင် ပြောဖော်မရတာမို့ အနည်းငယ်တော့ဘဝင်မကျဘူးဗျ။ ဒါ့ကြောင့် ကျုပ်ဘေးနားကဖြတ်သွားတဲ့ ကလေးတစ်ယောက်ကိုခေါ်လိုက်ပြီး ရှေ့က ကလေး2ယောက်က ဘယ်သူ၊ ဘယ်ဝါလဲဟုမေးလိုက်တယ်ဗျ။

ထိုကလေးအဖြေက ကျုပ်ကိုတုန်လှုပ်စေရုံမက တစ်ကိုယ်လုံးပါ ကြက်သိမ်းဖြန်းဖြန်းထ‌သွားစေတယ်ဗျ။ ထိုကလေးဖြေလိုက်တော့စကားမှာ

“ ဘယ်သူ့ကိုပြောတာလဲဗျ၊ သားမမြင်ရဘူး ” ဟူ၍ပင်ဖြစ်လေသည်။

ကျုပ်အာခေါင်တွေခြောက်လာတာကြောင့် တွံတွေးမျိုချလိုက်ရင်း နောက်ထပ်ဖြတ်လျှောက်သွားတဲ့ကလေးတစ်ယောက် လက်ကိုဆွဲပြီး ရှေ့မှာသွားနေတဲ့ စွပ်ကျယ်အနက်နဲ့ ကလေး 2ယောက်ကိုမြင်ရလားဟု မေးလိုက်တော့ ....

စိမ်းရက်လေသလားHikayelerin yaşadığı yer. Şimdi keşfedin