စိမ်းရက်လေသလား ‌P - 6

7 2 0
                                    

" ဟေ့ ဟေ့ ခင်များ လွန်ကုန်ရော့မယ်။ ဘယ်နှယ့် ခင်များတို့ကလည်း ဘာလို့ဝိုင်းဘဲကြည့်နေကြတာလဲ ၊ သေစရာရှိ သူကသေတော့မယ်။ "

ထိုစဉ် လှည်းသမား ကိုသာမောင်က ကျုပ်လက်ကို လှမ်းဆွဲကာ ကျုပ်နားလေး တီးတိုးပြောလာလေသည်။

" ဆရာဝန်ငယ် ကိုယ်နဲ့မဆိုင်တာတွေ သိပ်မပါစမ်းပါနဲ့ဗျာ။ ဒီတိုင်းလွှတ်ထားလိုက်ပါ။ "

" ဟ ဘယ်နှယ့်လွှတ်ထားရမှာ။ ကျုပ်ကတော့ရအောင်တားမှာဘဲ။ "

" ဒီမယ် ခင်များ ၊ ဘာလို့လူကို‌ဒီလောက်ရိုက်နှက်နေရတာလဲ။ မကျေနပ်ရင် စကား‌နှင့်ဖြေရှင်းလို့ရတယ်လေ၊ ဘာလို့လက်ပါရတာလဲ "

မီးတောက်နေတဲ့မျက်ဝန်းအစုံက ကျုပ်ဘက်စိုက်ကြည့်လာပြီးတော့

" မောင်ရင့်မှာအသက်နှစ်ချောင်းအပိုပါတယ်ထင်နေသလား။ ကိုယ့်ကိစ္စကိုယ်လုပ်၊ ကျုပ်ကိုလာမနှောင့်ယှက်နဲ့။ "

စိုက်ကြည့်ခံလိုက်ရသော ကျုပ်အဖို့ ဒီလူပြီးရင်ကျုပ်အလှည့်ဆိုတာကို သတိပေးနေသယောင်ယောင်၊ ကျုပ်စိတ်ထဲလန့်လာမိသည်။

" ဒီမယ် ခင်များ..."

" ကျုပ်ဒီကောင့်ကိုမထိုးရရင် မောင်ရင့်ကိုလာထိုးရမလား။ "

အတည်‌ပေါက်ကြီးပြောနေတာကြောင့် ကျုပ်ပြောစရာ စကားများပင် ပျောက်ရှသွားရသည်။

ခွပ် ခွပ် ခွပ်***

ကျုပ်ပြောနေတာကိုတောင်ဂရုမစိုက်ဘဲ ဆက်ထိုးနေသောကြောင့် ကျုပ်လည်း စိတ်တိုကာ သူ့လက်ကိုဆွဲပြီး ထိုနေရာမှထွက်လာခဲ့လိုက်သည်။

စစချင်းတုန်းကတော့ ကြောက်တာပေါ့ဗျာ။ ဒါမယ့် ကျုပ်ကဆရာဝန်လေဗျာ။ ကျုပ်ရှေ့ဒုက္ခရောက်နေရင်တော့ ကျုပ်တာဝန်အရကယ်ရမှာဘဲဗျ။ နို့မို့ဆို ကျုပ်သာဒီလိုအတင့်မရဲလိုက်ရင် ခုချိန်အထိုးခံရတဲ့သူ သေနေလောက်ရောပေါ့။

“ ဒီမယ် မောင်ရင် ကျုပ်လက်ကိုလွှတ် ”

အတင်းခါချလာသောကြောင့် ကျုပ်ကြောက်ကြောက်လန့်လန့်ဖြင့် လွှတ်ပေးလိုက်သည်။

စိမ်းရက်လေသလားTempat cerita menjadi hidup. Temukan sekarang