စိမ်းရက်လေသလား P - 5

9 3 0
                                    

မီးရောင်အောက်တွင် သွေးတလိမ်းလိမ်းပေနေသော အကျီကိုချွတ်နေသော ထိုလူမှာ ခုနကမှောင်မဲထဲမှာမို့ ကြည့်ရဆိုးသည်ဟုထင်ရသော်လည်း ယခုပင်တော့ တမျိုးစွဲဆောင်မှုရှိလှတယ်ဗျ။ လက်မောင်းအပြည့် ဘုရားပုံလိုလို၊ အကောင်ပုံလိုလိုဖြင့် တတ်တူးအပြည့်ထိုးထားကာ ရင်ဘတ်တွင်လည်း တြိဂံပုံအကြီးကြီးထိုးထားပြီး ‌တြိဂံထောင့်တစ်နေရာစီတွင် ပါဠိလိုလိုစာသေးသေးလေးတွေလည်းရေးထိုးထားသည်။ ကျောပြင်တွင်တော့ မဲမဲနက်နက် ကျုပ်မျက်လုံးထဲ ဘာလို့တောင်အမည်ဖော်ရမှန်းမသိတဲ့ အင်းကွက်အသေးစားလိုလို နဂါးလိုလို အခေါင်းပုံစံလိုလိုသေးသေးလေးတွေကို စုပြီး မဲနက်နေအောင်ထိုးထားတာဗျ။ တခုလုံးကိုခြုံကြည့်လိုက်ရင် ဘုရားဆင်းတုတော်လိုလိုဘဲဗျ။
မျက်နှာမှာတော့ ဘယ်ဘက်မျက်လုံးထောင့်အောက်ကနေ ညာဘက် နှုတ်ခမ်းထောင့်စွန်းအထိ ပြတ်ရှရာတခုရှိတယ်ဗျ။ ညာဘက်လည်ပင်းတစ်လျှောက် ရောမဂဏာန်းလို စာသေးသေးလေးတွေ အပြည့်ထိုးထားသေးတယ်ဗျ။ အိုး အပေါ်ပိုင်းတခုလုံး တတ်တူးအပြည့်ထိုးထားသလိုပါဘဲဗျာ။ ဒါတောင် အောက်ပိုင်းကိုမမြင်ရသေးလို့ဗျ။

" ကျုပ်ကို ကယ်ပေးတဲ့အတွက် ခင်များကိုကျေးဇူးတင်ပါတယ်။ ဒါဖြင့် ခင်များအမည်က "

" ကိုယ်နဲ့မဆိုင်တာကို မစပ်စုချင်စမ်းပါနဲ့ မောင်ရင်။ "

" မောင်ရင်?? ဒါဖြင့် ခင်များကကျုပ်ထက်အသက်တော်တော်ကြီးတယ်ပေါ့ ဟုတ်သလား "

စူးရှသောမျက်လုံးဖြင့် ပြန်စိုက်ကြည့်လာသောကြောင့် ကျုပ်ပတ်တီးလိပ်ကိုသာ ဆက်ပြီးပတ်ပေးနေလိုက်သည်။

" ကျုပ်နာမည် ရစ်ခ်ချက်သူရမောင် "

" ဒါဖြင့် ကျုပ်ပြန်တော့မယ် ‌"

စကားပင်မဆုံးသေးခင် ထလိုက်တာကြောင့် ကျုပ်လည်းလန့်ဖျတ်ပြီး ထလိုက်မိသည်။

" ခန ခနနေပါဦး ညဉ့်လည်းနက်နေပြီ၊ ခင်များတစ်ယောက်တည်း....ကျုပ် ကာလသားတွေကိုလိုက်ပို့ခိုင်း"

" ကျုပ်က ဒီရွာမှာမွေးပြီး၊ ဒီရွာမှာကြီးခဲ့တာပါ၊ ကျုပ်မျက်စိမှိတ်ပြီး လျှောက်ရင်တောင် အိမ်‌ပြန်ရောက်တယ်။ ကိုယ်နဲ့ဆိုင်တာဘဲ စိတ်ဝင်စားပါ။ "

စိမ်းရက်လေသလားOnde histórias criam vida. Descubra agora