စိမ်းရက်လေသလား ‌P-3

9 3 0
                                    

ဒုတ်* ဒုတ်* အ့ အ့

" အမလေး ဗျို့ ကိုသာမောင် ခင်များတို့ရွာလမ်းဖြောင့်ချက်က ကျုပ် ရွာကိုတောင်အသက်ပါလျက် မရောက်မှာစိုးရတယ်။ ဘယ့်နှယ့်ဗျာ ရွာရောက်ဖို့က ဒီတစ်လမ်းတည်းရှိသလား။ "

စိတ်မရှည်စွာ ကျုပ်မေးလိုက်တာကြောင့် လှည်းမောင်းသမား ကိုသာမောင်လှည့်ကြည့်လာလေရဲ့။ အသက်ငယ်ငယ် ဆရာဝန်တစ်ဦး ရွာကိုတာဝန်ကျမည်ဟု သတင်းရရချင်း တစ်ရွာလုံးပျော်နေလေရဲ့‌တဲ့ဗျာ။ ကျုပ်ကတော့ မလာချင်ဘဲလာရတာမို့ နဲနဲတော့အောင့်သက်သက်နိုင်တာပေါ့ဗျာ။

" ရွာရောက်ဖို့ဒီတစ်လမ်းထဲရှိလို့ပေါ့ ဆရာဝန်ငယ်ရယ်။ မဟုတ်ရင် ကျုပ်ကဘယ်လိုအတင့်ရဲပြီး ဘိလပ်ပြန်ဆရာဝန်ငယ်ကို ဒုက္ခခံခိုင်းရမှာလဲ။ ရွာလူကြီးက ကျုပ်ကိုသေချာမှာထားတယ်ဗျ။ ဆရာဝန်ငယ် စိတ်တော်ညိုးရင် ကျုပ် ထိပ်တုံးစာမိမှာဗျ။ "

" အိုဗျာ ကျုပ်စိတ်ကညိုးရုံမကလို့ ခွေတောင်ကျနေပြီ နေကလည်းပူ၊ မြေကလည်းပူနဲ့ ငရဲပြည်များ ရောက်နေသလားဘဲ "

" အဟက် မြို့ကြီးသား ဆရာဝန်ငယ် အကြားအမြင်များရနေသလား ရနေလည်း ဒီနှစ် ကျုပ်မိန်းမရမရကြည့်ပေးစမ်းပါဦး "

" ဘယ်လို ကိုသာမောင် ခင်များပြောတာကျုပ်နားမလည် "

" ကျုပ်ပြောတာဒီလိုဗျ ကျုပ်တို့ရွာက  ငရဲပြည်တော့မဟုတ်ပေမယ့် မရဏမင်းတော့ရှိတယ်ဗျ အဲ့ဒါဆရာဝန်ငယ်ကသိနေတော့ အကြားအမြင်များရနေလားပေါ့ "

မရဏမင်း? အဲ့ဒါလူလား??

ကျုပ်ခေါင်းကုတ်ကာ မေးလိုက်တာကြောင့် လှည်းသမား အူကျ‌ပြီပေါ့ဗျာ။

" ဟားးဟားးးဟားး ငရဲပြည်ကမရဏမင်းတော့ဘယ်ဟုတ်မလဲဗျာ၊ ဒါမယ့်သူ့ကိုယ်ပွားရောက်နေသလိုဘဲဗျ။ ကျုပ်ဆိုလိုတာက ကျုပ်တို့ရွာကတစ်ယောက်စ နှစ်ယောက်စလောက်က စုန်းအတတ်ကိုတတ်ကြတယ်ဗျ၊ တစ်ရွာလုံးတော့မဟုတ်ဖူးပေါ့ဗျာ။ ဘိုးဘေးစဉ်ဆက် အောက်လမ်း၊ အထက်လမ်း၊ ပယောဂ အမွေကိုလက်ဆင့်ကမ်းလာကြတဲ့သူတွေလည်းရှိတယ်ဗျ။ အဲ့ထဲမှာမှ အဆိုးဆုံးကတော့ ဦးမရဏဆိုတဲ့လူဘဲဗျ။ ကျုပ်တို့တစ်ရွာလုံး သူ့ကြောက်ကြတယ်။ ရွာကကျောင်းထိုင်ဆရာတော်တောင် သူ့မနိုင်လို့လွှတ်ထားရတယ်‌ဗျို့။ "

စိမ်းရက်လေသလားWhere stories live. Discover now