Uni
"ကိုကို...
ထယ်လေးကိုမစနဲ့
ငိုလိုက်မှာနော်."အသက်အရွယ်အားဖြင့်၇နှစ်ကွာတဲ့ကောင်လေးနှစ်ယောက်.
"ဟုတ်လား.
မသိပါဘူးလေ.
ကြည့်ရတာမုန့်မစားရလို့
စိတ်ဆိုးနေတဲ့ရုပ်ကြီးကျနေတာဘဲ.""ကိုကိုနော်..
ထယ်လေးကိုဘဲဝယ်ကျွေးမယ်ပြောပြီးတော့.
အပြင်သွားပြီးကိုကိုသူငယ်ချင်းတွေနဲ့မုန့်သွားစားတာ.တီလေးပြောတယ်နော်""ကိုကိုကမင်းကိုဝယ်ကျွေးမှာပါကွာ.
ကိုကိုသူငယ်ချင်းက ကိုယ်အတွက်ခွေးလေးတကောင်ဝယ်ပေးတားတယ်။အဲ့ဒါနဲ့အပျော်လွန်ပြီးမေ့သွားလို့""ကိုကိုကအဲ့ခွေးနဲ့ဘဲအချိန်ကုန်နေတာလေ
ထယ်လေးလာတာကိုတောင်ဂရုမစိုက်တဲ့အထိ..""အဲ့ဒါတော့ခွေးလေးကထယ်လေးထက်ပိုချစ်ဖို့ကောင်းနေတာကို.."
"မသိဘူးဗျာ..
ထယ်လေးကိုဘဲချစ်ရမယ်။"ဘေးအိမ်ကထယ်လေးဟာကျတော့်အတွက်ညီတယောက်ရလိုက်သလိုပင်.
တဦးတည်းသောသားတွေဖြစ်တာမလို့
ကျနော်တို့နှစ်ယောက်ဟာညီအကိုလိုဖြစ်လို့နေတော့သည်။ပြီးတော့သူ့ကိုဦးစားမပေးရင်စိတ်အရမ်းဆိုးတတ်တာ."အဲ့လိုတော့ဘယ်ရမလဲ.
ကိုကိုကခွေးလေးကိုလဲချစ်မယ်။
ထယ်လေးကိုလဲချစ်မယ်လေ.""ကိုက်ု..
အဲ့လိုလုပ်လို့မရဘူးလေ
တခုဘဲရွေး
ထယ်လေးကိုလား.ခွေးကိုလား....""ကိုကိုချစ်ဖို့ကောင်းတာတွေသဘောကျတယ်ဆိုတော့...."
မျက်လုံးအဝိုင်းသားနှင့်ကြည့်နေသောထယ်လေးကိုစချင်လာသည်။
"ခွေးလေးကိုပိုချစ်တယ်။"
"ထယ်လေးထက်လား"
"အွန်း.."
စကားသံအဆုံးလှည့်မကြည့်ဘဲထွက်ပြေးသွားသောထယ်လေးကြောင့်
စိတ်အတော် ဆိုးသွားပြီ ဖြစ်မှန်းဟိုဆော့သိလိုက်သည်။တင်းတင်းဆုပ်ထားသောလက်သီးစုပ်လေးတွေ.
ထိုခွေးလေးအပေါ်မကျေနပ်ချက်တွေ
ကြောင့်ထယ်ယောင်းထိုခွေးလေးကိုတခုခုလုပ်ရန်ဆုံးဖြတ်ပြီးအိမ်ဆီသို့ပြန်လာခဲ့သည်။