Uni
တရက်ပြီးတရက်တပတ်ပြီးတပတ်ကြာနေပြီဖြစ်ပေမယ့်ခုချိန်ထိကိုကို့ကိုရှာမတွေ့သေးပေ။သူလည်းပူလောင်လှပါပြီ။ကြာရင်ကျတော်လည်းရူးရချည်ရဲ့ကိုကိုရယ်.လွမ်းလိုက်တာ
"သား..မင်းမအိပ်ရသေးဘူးလေ
ခဏလောက်အိပ်လိုက်ပါအုံး""အိပ်လို့မရဘူး.မေမေရာ
ကိုကိုပျောက်တာ၁လ၂လမကတော့ဘူး""ထယ်ယောင်း..ငါရှာပေးမှာမို့
မင်းသုံးလေးနာရီလောက်အိပ်လိုက်
မင်းအမေပြောတာမှန်တယ်
ဟိုဆော့ကိုရှာဖို့အတွက်အားရှိနေမှရမယ်လေ"နန်ဂျွန်းလည်းနိုင်ငံခြားကနေရောက်ချလာကာဟိုဆော့ကိုဝိုင်းကူရှာပေးနေ၏
"တခုခုအကြောင်းထူးရင်ကျတော့်ကိုပြောပါအကိုနန်ဂျွန်း."
"အွန်း..ကောင်းပြီ"
ထယ်ယောင်းပုခုံးကိုတချက်နှစ်ချက်ပုတ်လိုက်တော့အလိုက်တသိနဲ့မက်တပ်ရပ်ပြီးအခန်းသို့ထ ထွက်သွားလိုက်သည်။
"ဟိုဆော့ရယ်..မင်းဘယ်များရောက်နေပါလိမ့်..."
......................
"အကိုတကယ်မသုံးချင်တော့တာလား
ဒီလောက်ဖြစ်နေတာကိုလေ"တကိုယ်လုံးလည်းဘာဖြစ်လို့ဖြစ်မှန်းမသိတာကဆေးဖြတ်မိတဲ့ဖြစ်ချင်း
"ငါ့ကိုလာမပေးနဲ့.ငါမကြိုက်ဘူး"
"အကိုကလည်း..ဒါလေးသုံးလိုက်ရင်နေသာထိုင်သာရှိ သွားမှာလေ."
လက်ထဲကဆေးထိုးအပ်လေးကိုမြှောက်ပြကာပြောတော့ခပ်အုပ်အုပ်ဖြစ်နေတဲ့ဆံပင်တွေကြားကဆေးကိုကြည့်နေသူလေး..
".တကယ်မယူဘူးလား
ဒီဟာကိုဖြတ်လို့ရောရရဲ့လား
ဆေးသမားရဲ့..ဟား..ဟားး"သူ့ကိုလှောင်နေတဲ့သူကိုလည်းမသိတော့
ကိုယ်ကိုကိုယ်သာချုပ်ထိန်းနေရသည်မို့"ကျတော်အံဆွဲထဲမှာထားထားပေးမယ်နော်
လိုအပ်ရင်ယူသုံးလိုက်ဗျာ.ကျတော်စိတ်မဆိုးပါဘူး.
ခုလောလောဆယ်တော့.ဟော့ဒီကဆေးသမားလေးနဲ့အိပ်ချင်လို့.""ဟင့်အင်း.."
လက်ကောက်ဝတ်လေးကိုဆွဲယူလ်ုက်တော့ပိန်လာတဲ့အကိုရဲ့လက်ဟာကျနော့်လက်ထဲသေးသေးလေးသာကျန်တော့သည်။