Uni
"မင်းကိုဘယ်နှစ်ခါပြောရမလဲ
စိတ်ရှုပ်ဖို့ကောင်းအောင်
ငါဒီလောက်ပြောနေတာမနာတတ်ဘူးလား ဟန်!!"ဂျောင်ကုတယောက်ဟိုဆော့ဆီရောက်လာခဲ့လေသည်။
အိမ်အရှေ့ထိပါဆိုင်ကယ်နှင့်ရဲတင်းစွာရောက်လာသူကြောင့်ဟိုဆော့မှာဒေါသတွေအဆမတန်ထွက်နေခဲ့၏"လွမ်းလွန်းလို့လေ.
ကျတော့်ဆီကိုဖုန်းလေးတချက်လေးတောင်မဆက်ဘူးနော်.
အဆင်ပြေရဲ့လားလို့တောင်မေးလား
အကိုကဒီတိုင်းပစ်ချထားခဲ့ရင်ရပြီလို့ထင်နေတာလေ..
အဲ့ဒါကြောင့်လာခဲ့တာ
ကျနော့်ကိုဒီတ်ုင်းပစ်ထားခဲ့လို့.""မချစ်ဘူး..အဲ့တုန်းကဒီတိုင်းမင်းနဲ့တွဲလိုက်တာမင်းငိုယိုပြီးတောင်းပန်နေလို့နောက်တခါပြန်တွဲပေးတာနဲ့တင်မင်းကံကောင်းတယ်လို့မှတ်.."
"အကို!!!!
ဘာလို့ကျတော့်ကိုမချစ်ပေးနိုင်ရတာလဲ
ကျတော်အဲ့ကောင်ထက်သာတဲ့အရာတွေကိုပေးနိုင်တယ်။သူ့ထက်လည်းပိုချစ်ပြနိုင်တယ်။""ငါတို့ကနှစ်ဦးနှစ်ဖက်ချစ်ကြတာလေ
တယောက်အပေါ်တယောက်ချစ်ကြတာ
မင်းကတော့ဘယ်တူပါ့မလဲ."မျက်လုံးတွေပါနီလာတဲ့အထိဖြစ်လာသောသူကြောင့်စိတ်မကောင်းဖြစ်ရသေးသည်။
"ငါတောင်းပန်ပါတယ်ဟာ.
နောက်တခါငါ့ရှေ့မှာထပ်ပေါ်မလာပါနဲ့
ငါမှားတယ်..ဟုတ်ပြီလား
ငါလည်းအခုချစ်ရမယ့်သူရှိနေပြီ။
ငါ့ကိုလိုက်မနှောက်ယှက်နဲ့တော့.
ငါအိမ်ထဲပြန်ဝင်တော့မယ်။"အိမ်ထဲပြန် ဝင်ဖို့လုပ်နေသောသူအားဒေါသထွက်စွာဖြင့်ဆောင်းထားသောHelmatကိုချွတ်ကာရိုက်ပစ်လိုက်မိ၏။
"အ့.."
ပစ်လဲကျသွားသောအကို့ကိုကြည့်ကာသူပျော်နေမိ၏။
အမှန်တော့သတ်ပါပစ်ချင်ခဲ့တာ
ကျတော့်ကိုကစားခဲ့လို့
ကျနော်ကအချစ်ကြီးတယ်အကို
ကျတော်ကအကို့ကိုနာကျင်တဲ့အချစ်မျိုးကိုပေးမှာ..အသံကသိပ်မကျယ်တာမို့လဲကျနေသောအကို့ကိုမကာအသင့်စောင့်ခိုင်းထားသောကားပေါ်သို့ထည့်လိုက်၏
