Uni
"ဘယ်လိုဖြစ်တာလဲ"
"ဒီတိုင်းပါ။ထယ်လေးကိုက်လိုက်တာ"
"မောင်ကအရမ်းသူ့ကိုအလိုလိုက်နေတာဘဲ
မီတောင်နမ်းဘဲနမ်းဖူးသေးတာ
မောင်တို့နှစ်ယောက်ဘယ်အခြေအနေထိရောက်သွားကြပြီလဲ""အဲ့တော့..
ဒါက ကိုယ့်ကိစ္စပါ။
အရမ်းမစပ်စုနဲ့
ကိုယ်မကြိုက်ဘူး"နှုတ်ခမ်းနီတွေနီရဲအောင်ဆိုးထားတဲ့သူမဟာသိပ်ကိုလှပါသည်။ဒါပေမယ့်ကျတော်သူမကိုမချစ်ပါ။
"အွန်းပါ.မောင်ကလည်း"
"အော်....
မီလိုချင်တဲ့ပစ္စည်းတွေသွားဝယ်ကြမလား။
ကိုယ် မီ ကိုလက်ဆောင်လေးပေးချငမလို့""တကယ်လား."
မျက်လုံးအရောင်တွေလက်လာတဲ့သူမဟာကျတော့်ပေါ်ပေါ်လာထိုင်သည်။
"တကယ်ပေါ့"
&မောင်ကအရမ်းအလိုက်သိတာဘဲ"
"ကိုယ့်ကိုရောလက်ဆောင်လေးမပေးချင်ဘူးလား"
သူမရဲ့ပေါင်ကိုပွတ်သတ်ကာပြောတော့
သူမက ကျတော့်ကိုလာနမ်းသည်။ဒီစားသောက်ဆိုင်ကိုအပြတ်ငှားထားတာကြောင့်မည်သူမှမရှိ
"ဘာလိုချင်လို့လဲ.."
"မောင်ဘာလိုချင်လဲ
ဟော့ဒီကမီလေးသိသင့်တယ်မလား""ဟွန့်..
မောင်နော်""လာပါ။ကိုယ်ဘိုကင်ယူထားပြီးပြီ."
"အွန်း.."
"ကိုကို!!!!"
ဘယ်ကနေရောက်လာမှန်းမသိတဲ့ထယ်လေးဟာကျတော့်လက်ကိုဆောင့်ဆွဲလိုက်သည်။
သူမကတော့ပုံပျက်စွာအောက်မှာလဲနေလေသည်။
"ဘာလာလုပ်တာလဲ."
"ကိုကို...
သူနဲ့ဘယ်အဆင့်ထိတွေသွားဖို့စဥ်းစားထားတာလဲ""ဘယ်အဆင့်ဘဲဖြစ်ဖြစ်ဂရုစိုက်စရာမလိုဘူး.။
နေပါအုံးး
မင်းဘယ်လိုသိလည်းငါအဲ့အခြေအနေထိသွားမယ်ဆိုတာကို"