Uni
ထယ်လေး၏၁၃နှစ်ပြည့်မွေးနေ့.......
"happy birthday ပါ။သားလေး.
သားအတွက်မေမေကဘာဝယ်ပေးထားလည်းမှန်းကြည့်စမ်း..""မေမေရယ်.
စကားထာဝှက်မနေပါနဲ့တော့
သားသိချင်လှပြီ.""ဟုတ်ပါပြီ။
ဟိုနေ့ကသားအရမ်းလိုချင်နေတဲ့ဂိမ်းစက်ကိုဝယ်ထားပေးတယ်။""တကယ်လား.."
"တကယ်ပေါ့"
"ရေးးးးးးး
မေမေအကောင်းဆုံးဘဲ"မေမေ့ကိုချွဲကာဖက်တော့ကျတော့်ခေါင်းကိုဖွဖွပုတ်ပေးသည်။
"အတတ်လေး
ဒီလိုချွဲနေမှတော့မေမေမကြာခင်
အရည်ပျော်တော့မှာဘဲ""အော်ဟော..
ဒီသားအမိတွေပျော်နေကြတယ်ပေါ့
ဒီကလူကိုတောင်မေ့နေပြီထင်နေတာ""ပျော်တာပေါ့.ဖေဖေရယ်
မေမေကသားကြိုက်တဲ့ဟာဝယ်ပေးတယ်လေ.
ပြီးတော့ဖေဖေ့ကိုလည်းမေ့စရာလားနော်""တီလေးတို့ကိုရောဘာမှမကျွေးတော့ဘူးလား."
"ကျွေးမှာပေါ့"
စကားသံကြားလို့လှမ်းကြည့်တော့ကိုကိုရဲ့မိဘတွေရောက်လာပေမယ့်
ကိုကို့ကိုတော့မတွေ့...."ကိုကိုရောဟင်.."
"မင်းရဲ့ကိုကိုကခဏနေရောက်လာပါလိမ့်မယ်။"
"ဟုတ်.."
ထယ်လေးကလေ"မင်းရဲ့ကိုကို"လို့ကြားရင်တောင်ကျနော့်ကိုကို့ကိုအပိုင်ရသွားသလိုခံစားမိတာမို့.ဒီလိုကြားရရင်ထယ်လေးသိပ်ပျော်တတ်တာ..
"အမတို့ဒီအထဲလာကြလေ
အထဲမှာအကုန်ပြင်ဆင်ထားတယ်။""ထယ်လေးရောအထဲမဝင်ဘူးလား."
"ကျတော်ကိုကို့ကိုစောင့်ဦးမယ်။တီလေး"
"အေးပါကွယ်။
ထယ်လေးကသူ့ကိုကိုတော့တော်တော်ချစ်တတ်တာဘဲ။""ကိုကိုကလည်းထယ်လေးကိုချစ်ပါတယ်နော်."
"သိပါတယ်ကွယ်
မင်းကိုကိုမင်းကိုချစ်တာ
တအားကြွားတယ်နော်"