Uni
"ထယ်လေး...
ကိုယ့်ကိုစိတ်ဆိုးနေတာလား."". . . . . . . "
"ကိုကို..
မနေ့တုန်းကလွန်သွားတာ
ထယ်လေးခွင့်လွှတ်ပေးပါလားဟင်".".. . . . ."
"ကိုကို့ကိုစကားလေးပြောပါအုံး
ထယ်လေးရာ...
ကိုကိုမနေတတ်တော့ဘူး"". . . ."
"ထယ်လေး..."
အရင်တုန်းကဆိုချော့ရင်စိတ်ဆိုးတန်းပြေတဲ့ထယ်လေးဟာကျတော့်ကိုစကားတောင်မပြော..
"ကိုကိုလေထယ်လေးအတွက်
ဒီမှာဟန်းချိန်းလေးကိုကိုကိုယ်တိုင်လုပ်ပေးထားတာ
တကယ့်handmadeစစ်စစ်နော်
ကိုကိုလေဒါလုပ်တာညတုန်းကတရေးမှမအိပ်လိုက်ရဘူး""ဟင်!!!
ဘာလို့မအိပ်တာလဲ""ဒါကြောင့်မို့ကိုကို့ကိုကြည့်တာမျက်လုံးအောက်မှာမည်းနေတာကို.."
"ဟွန့်..
ခုမှဘဲစကားပြောတော့တယ်""ကိုကို..ကျတော့်ကိုကြည့်
နောက်တခါကိုကို့ကျန်းမာရေးထိခိုက်တာမျိုးတွေမလုပ်နဲ့""ကိုကို့ကိုစိတ်ဆိုးပြေသွားပြီလား"
"စကားဘဲပြန်ပြောနေပြီဟာကို.."
တကယ်ပါ။စကားမပြောဘူးလို့စိတ်တင်းထားပေမယ့်ကိုကိုကဒီလိုဖြစ်နေတော့ထယ်လေးစိတ်မကောင်းဖြစ်ရသည်။
"လာ...
ဒီမှာထယ်လေးနဲ့တူတူအိပ်
အဲ့ဒါဆိုစိတ်ဆိုးပြေပေးမယ်
ဘယ်လိုလဲမသိ.အသက်ဘဲကြီး နေပြီ
ဒါလေးတောင်မသိဘူးလား"အဘွားအိုပေါက်စလိုတဗျစ်တောက်တော က်ပြောနေတဲ့ထယ်လေးကြောင့်
ဟိုဆော့ရယ်လိုက်မိ၏"မရယ်နဲ့..
ဒီမှာအိပ်"အနည်းငယ်သာခွာထားတဲ့ခေါင်းအုံးလေးတလုံးကိုပုတ်ပြတော့ အသာလေးလှဲလိုက်သည်။
"မျက်လုံးကိုမှိတ်ပြီးအိပ်..
ကျနော့်ကိုမကြည့်နဲ့တော့"အကို့ကပြုံးပြီးကျတော့်ကိုစိုက်ကြည့်နေသည်။ကျနော့်ရဲမရိုးမသားစိတ်လေးဟာအကို့တော့မသိပေမယ့်.
ကျနော်ဘယ်လောက်တောင်အကို့ကိုနမ်းချင်လဲအကိုသိလား..
