Uni
"ဒယ်ဒီ..ကျနော် တကယ်ပြောတာ
အဲ့ကောင်ကအကို့ကိုဖွက်ထားတာ
ဘာလို့ကျနော်ပြောတာကိုတယောက်မှမယုံကြတာလဲ.""သား...အဲ့ကောင်လေးကဟိုဆော့ရည်းစားဟောင်းဆိုတာဒယ်ဒီသိတယ်။
ဘာလို့သူလိုတပ်အပ်ပြောနေ နိုင်ရတာလဲ
မင်းလည်းသိပါတယ်။ဟိုဆော့ကရည်းစားများတယ်ဆိုတာ......
ဒီလိုတယောက်ပြီးတယောက်လိုက်ပြသာနာရှာနေတာမကောင်းဘူးနော်."မျက်လုံးတွေနီရဲနေအောင်ငိုထားတဲ့အပြင်ဘယ်သူမှသူ့ကိုမယုံတာကြောင့်ဒေါသလည်းထွက်နေ၏
"ကျတော့်အဲ့ကောင်ဆီသွားမယ်အခု
လိုက်ပို့ပေးးး
သူတတ်နေတဲ့ဆေးရုံကို..""မသွားရဘူး
ဘာတွေပြသာနာသွားရှာအုံးမလဲ
ပြောနေတာကိုလက်မခံရင်ဒယ်ဒီ.မင်းကိုပိတ်လှောင်ထားလိုက်ရမယ်။""အကို..သားကိုအဲ့လောက်ထိလုပ်စရာလိုလို့လား.."
"
"ဒီကိစ္စကိုခဏဘေးဖယ်နေပေးပါ။"ထိုအခါအသံတိတ်စိတ်မကောင်းဖြစ်သွားသောကြင်သူကိုကြည့်ကာရင်ထဲမကောင်းလှ
"ဒယ်ဒီ!!!!!!"
"တော်ပြီ။ဒီကိစ္စကိုဒီမှာဘဲရပ်တန်းကရပ်
ဒယ်ဒီတို့ကြိုးစားရှာပေးမှာမို""ကျတော်ကိုဘာလို့မယုံရတာလဲဟင်
ကျတော့်ကဒယ်ဒီသားအရင်းပါ။""မင်းအရင်တုန်းကလုပ်ထားတဲ့ကိစ္စတွေကိုမသိဘူးထင်နေလား
ဟိုဆော့ရဲ့အချစ်ဦးသေ သွားတာမင်းကြောင့်ဆိုတာအကုန်သိပြီးသား
အခုလိုစိတ်အခြေအနေမျိုးမှာမင်းကအရင်ကလိုတခုခုလုပ်လိုက်ရင်ဒယ်ဒီတို့လည်းအခက်တွေ့မှာ..
အဲ့ကောင်လေးကလည်းအသိုင်းအဝိုင်းကြီးထဲကဘဲ။
ဘယ်သူက ကိုယ့်သားသမီးကိုထောင်ထဲသွားစေချင်မှာလဲ။ဒယ်ဒီက.ကာကွယ်ပေးနေတာလေ။""ဟငိ့အင်း..မလိုဘူး
ကျတော့်ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်တယ်။အကို့ကိုအခုချက်ခြင်းလိုချင်တယ်ဒယ်ဒီ။သူ့ဆီမှာ....
အဲ့ကောင်ဆီမှာလို့ဘာလို့မယုံကြရတာလဲ""မင်းဒီအိမ်ထဲကနေခြေတလှမ်းတောင်မထွက်ရဘူး..အိမ်ထဲကလူတွေသူ့ကိုဒီအိမ်ထဲကနေလုံးဝမထွက်စေနဲ့."