Part - 8

318 41 19
                                    

(Unicode)

ကျွန်တော် ပါလာသည့်စားစရာများနှင့် ပစ္စည်းများကို အခန်းအတွင်း သေချာစွာထားပြီး မောပန်းလာသဖြင့် ကုတင်ပေါ်ပစ်လှဲချလိုက်သည်...။ ကုတင်နံရံပေါ်က မျက်နှာကျက်မှာ ချိတ်ဆွဲထားသည့် တန်းဖိုးကြီးပြီးခမ်းနားလွန်းသည့် မီးဆိုင်းက မီးရောင်များဖြင့် လှပလွန်းသည်...။

အခုတလော ကျွန်တော်တို့ ခရီးထွက်ဖြစ်ကြသည်...။ ခရီးထွက်ဖြစ်တယ်ဆိုတာထက် Yoongi က သူ့ရဲ့နေရာတိုင်းမှာရှိတဲ့ hotel များကိုလိုက်ပြီး စစ်ဆေးနေသောကြောင့်ပင်...။ သူက တစ်နှစ်တစ်ခါ လုပ်ငန်းအားလုံးကို စစ်ဆေးတတ်သူတဲ့...။ သူက အလုပ်နဲ့ဆိုပေမယ့် ကျွန်တော့်အတွက်တော့ မရောက်ဖူးတဲ့ အပန်းဖြေနေရာများကို ရောက်နေရတော့ အရာအားလုံးက အထူးအဆန်းနှင့် အသစ်အဆန်းလိုပင်...။

အခုလည်း ဟာဝိုင်ရီက သူပိုင်သည့် ကြယ်ငါးပွင့် hotel ကို ရောက်နေခြင်းပင်...။ အခုရောက်သည့် hotel က ဘယ်နှခုမြောက်မှန်းမသိ...။ ငါးခုမြောက်လား၊ ခြောက်ခုမြောက်လား ကျွန်တော်မသိတော့...။ သူတော်တော် ချမ်းသာတာကိုတော့ ကျွန်တော်တဖြေးဖြေးသိလာသည်...။

ကျွန်တော်သူ့ရဲ့ မရေတွက်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဒါတွေအားလုံး သူဘယ်လို စီမံအုပ်ချုပ်လဲဆိုသည့် အံ့သြစိတ်နှင့်အတူ အသက် 28နှစ်အရွယ် သူ့အသက်နှင့် ဒီလောက်စွမ်းဆောင်နိုင်တာကိုလည်း ချီးကျုးမိသည်...။ ကျွန်တော်သာဆို ရူးမှာပင်...။

ကျွန်တော် အသက်ကို ပုံမှန်ရှုထုတ်ပြီး ကုတင်ဘေးရှိအခန်းမှန်တံခါးမှ မြင်နေရသည့် ရေပြင်ကြီးကိုကြည့်ပြီး စိတ်ထဲလန်းဆန်းနေသလိုပင်...။ ကျွန်တော် ကုတင်ပေါ်မှထကာ အခန်းပြင်ရှိ လသာဆောင်ရှိရာသို့ လျှောက်သွားလိုက်သည်...။ ညအမှောင်မို့လို့ထင် မီးရောင်များကြား မှုန်ဝါးဝါးရေပြင်ကြီးက လှိုင်းလုံးများကြောင့် လှပနေသလို...။ လှိုင်းသံနှင့်ရေစီးသံက သံစဉ်တစ်ခုပမာ ငြိမ့်ညောင်းလွန်းလှသည်...။

ကျွန်တော် လက်ကနာရီကိုကြည့်တော့ ညခုနှစ်နာရီရှိနေပြီ...။ သူ ပြန်မလာသေးဘူး...။ မနက်ကတည်းက ဒီကိုခရီးဆက်ပြီး ညနေလောက်ရောက်တော့ သူက မနားပဲချက်ချင်း သူ့ရုံးရှိရာသွားသည်လေ...။ လေတိုက်သည့် ခပ်ကြမ်းကြမ်းလေက ကျွန်တော့် မျက်နှာနှင့် ကျွန်တော့်တစ်ကိုယ်လုံးကို တစ်ချက်တစ်ချက်တုန်ရီစေသည်...။

The Devil (Completed)Where stories live. Discover now