Part - 22

316 30 60
                                    

(Unicode)

''ဟော... ဘာလာလုပ်ပြန်တာလဲ"

ဘေးမှ Winnie ရဲ့စကားသံကြောင့် ကျွန်တော်သစ်သားများဖြင့် ကာရံထားသည့် ခပ်ကျဲကျဲခြံစည်းရိုးကြားမှတစ်ဆင့် ကျွန်တော်တို့ရှိရာ လျှောက်လှမ်းနေသည့်သူ့ကို လှမ်းမြင်နေရသည်...။ လက်ထဲမှာ အဖြူရောင်စာရွက်အပိုင်းအစကိုကိုင်ကာ ပတ်ဝန်းကျင်က လူများကို စကားပြောနေသောသူက ကျွန်တော်တို့ကို မမြင်သေး...။

သူနှင့် စကားပြောနေသူက သူ့လက်ထဲမှ စာရွက်ကိုကြည့်ပြီး ကျွန်တော်တို့ရှိရာ လက်ညိုးထိုးပြမှ သူ့အကြည့်က ကျွန်တော်တို့ဆီကျရောက်လာကာ သူကျွန်တော်တို့ကို မြင်သွားသည်...။ ပခုံးပေါ်မှာလွယ်ထားသည့် ကျောပိုးအိတ်ကို အနေအထားတစ်ချက်ပြင်လိုက်ပြီး လက်ထဲမှာ အပေါ်ဝတ်အနွေးထည်ထူထူတစ်ထည်ကို ကိုင်ထားသည့်သူက ကျွန်တော်တို့ရှိရာ ခြံဝင်းဆီသို့ ဦးတည်လျှောက်လာသည်...။

ဒီနေ့မနက်စောစာ ကျွန်တော်နှင့် Winnie က ဂေဟာက ကလေးငယ်တစ်ယောက် သူ့အဘွားဖြစ်သူထံ သွားချင်သည်ဟု ပူဆာထားသဖြင့် ကျွန်တော်တို့မြို့နှင့် မိုင်အနည်းငယ်ကွာဝေးသည့် ဒီရွာလေးကို အတူလာဖြစ်သည်လေ...။ မွေးနေ့ရောက်ရင် လိုက်ပို့ပေးမည်ဟုပြောထားသည့် ကျွန်တော့်စကားအရ ကျွန်တော် မနက်စောစောအာရုံမတက်ခင်မှာပင် ကလေးကိုခေါ်ကာ Winnie နှင့်အတူတူ ထွက်လာခဲ့ကြသည်လေ...။ ဒါကို ဘယ်ကဘယ်လိုသတင်းကြားပြီး သူလိုက်လာတာလဲ...။ သတင်းကြားလည်း သူလိုက်လာဖို့မှ မလိုတာပဲနော်...။

''အိမ်ကိုတွေ့အောင် တော်တော်ရှာယူရတယ်"

ကျွန်တော်၊ Winnie နဲ့ ကလေး‌လေးတို့မြေးအဘွားတို့ ထိုင်နေရာ အိမ်ရှေ့ရှိခပ်မြင့်မြင့်ကွပ်ပျစ်ရှေ့တွင်ရပ်ကာ ပြောလာသည့်သူ့ စကားက မောပန်းမှုကြောင့် အနည်းငယ်တုန်နေပေမယ့် သူ့မျက်ဝန်းကတော့ အေးဆေးစွာပင်တည်ငြိမ်လွန်းနေသည်...။ နေစမ်းပါဦး... သူ့ပုံစံက သူ့အိမ်သူ့ရာ သူ့အမျိုးအိမ်ရောက်လာသလိုပင်...။

သူက ပါလာသည့်ကျောပိုးအိတ်နှင့် အနွေးထည်အင်္ကျီကို ကျွန်တော့်ဘေးကွပ်ပျစ်ပေါ်တင်ကာ ခပ်တည်တည်ပင် ကျွန်တော့်ဘေးဝင်ထိုင်လိုက်သည်...။ ကျွန်တော့်နားရှိ မြေးအဘွားတစ်စုကတော့ သူ့ကိုအထူးအဆန်းသတ္တဝါလိုကြည့်နေပြီး Winnie ကတော့ စိတ်ပျက်သလိုမျက်ဝန်းဖြင့် သူ့ကိုနှာခေါင်းရှုံ့ကာ ကြည့်နေတော့သည်...။

The Devil (Completed)Where stories live. Discover now