(Unicode)
Hobi နဲ့ကျွန်တော်ရဲ့ဆက်ဆံရေးက ဘယ်လိုမှ ပြန်လည်ပြုပြင်လို့မရတော့ဘူးဆိုတာက ကျွန်တော့်ကို ပိုပြီးနောင်တရကာ ကြေကွဲစေသည်..။
''အဒေါ်ကလဲ Hobi ကို ပြန်လွှတ်သင့်တယ်... ဟိုကောင် ဘယ်လောက်ပဲ လာနေနေပေါ့"
ကျွန်တော် Taehyung ရဲ့စကားသံတိုးတိုးအဆုံး နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်...။ Taehyung ပြောသလို Hobi က အိမ်ပေါ်မှဆင်းပြီး... ထားပါတော့ အိမ်ပေါ်မှ ဆင်းသည်ပဲပေါ့... အဒေါ်တို့အိမ်ကိုပြန်နေသည်မှာ ၂ပါတ်ကျော်လောက်ရှိပြီ...။ ကျွန်တော် Hobi ဆီဖုန်းဆက်သော်လည်း ဖုန်းမကိုင်...။ လိုက်ခေါ်ဖို့အတွက်ကျတော့လည်း ကျွန်တော် အဒေါ်တို့ကို အနည်းငယ်မျက်နာပူသည်ကို ဝန်ခံရမည်...။ ကျွန်တော့်ကို သားအရင်းတစ်ယောက်လို ချစ်ခင်ကြင်နာခဲ့တဲ့သူမအပေါ် ကျွန်တော့်လုပ်ရပ်က ရုပ်ဆိုးလွန်းသည်မဟုတ်လား...။
''မင်းသူ့ကို တောင်းပန်လိုက်ပါလား Minnie"
ကျွန်တော် ခေါင်းငုံ့နေရာမှ Taehyung ကို မော့ကြည့်လိုက်သည်...။ တောင်းပန်ရမယ်... ဟုတ်လား...။
''တောင်းပန်ရုံနဲ့ ပြီးသွားမဲ့ကိစ္စမှ မဟုတ်တာ Tae ရယ်"
ကျွန်တော်တောင်းပန်ပြီး Hobi က ခွင့်လွှတ်နိုင်တယ်ဆိုရင်တောင် အခုအနေအထား၊ အခုအခြေအနေတွေက ကျွန်တော်တို့ဘဝကို အရိပ်လိုလိုက်နေတော့မှာလေ...။
''ဟုတ်ပါတယ်... တောင်းပန်ရုံနဲ့မပြီးပေမယ့် အနည်းဆုံးတော့ မနာကျင်ရဘူးပေါ့... မင်းတို့အိမ်ထောင်သက်တမ်းက ၂လကျော်ကျော်ပဲဆိုပေမယ့် မင်းတို့ရဲ့ရင်းနှီးလာတဲ့သက်တမ်းက ၁၅နှစ်တောင်ရှိပြီလေ... တစ်ယောက်နာကျင်မှုကို တစ်ယောက်က ဖေးမနေကျ... တစ်ယောက်ဝမ်းနည်းမှုကို တစ်ယောက်ကနှစ်သိမ့်ပေးနေကျ... အခုလည်း နားလည်မှုနဲ့ ပြန်ပြီးတည်ဆောက်ရင် အဆင်ပြေမယ်လို့ငါထင်တယ်"
ကျွန်တော် ခေါင်းခါကာပြုံးနေမိသည်...။ ဒီတစ်ခါလည်း Taehyung ရဲ့စကားကို ကျွန်တော်ငြင်းဆန်မိမှာပင်...။ ပြန်လည်တည်ဆောက်လို့ရရင်တောင် ယုံကြည်မှုတော့ ပျက်ပြယ်ခဲ့ပြီလေ...။ ကျွန်တော်နှင့် Hobi ကြားက ယုံကြည်မှုကို ကျွန်တော်ကိုယ်တိုင် ရိုက်ချိုးပစ်ခဲ့မိပြီမဟုတ်လား...။
YOU ARE READING
The Devil (Completed)
Romanceငါ့ရဲ့အချစ်ကို အဓမ္မယူခဲ့တဲ့မင်းလဲ နတ်ဆိုးမဟုတ်ဘူး။ ကလဲ့စားချေဖို့ ဆုံးဖြတ်ခဲ့တဲ့သူလဲ နတ်ဆိုးမဟုတ်ဘူး။ လွယ်လွယ်နဲ့ မင်းကိုချစ်မိသွားတဲ့ငါလဲ နတ်ဆိုးမဟုတ်ဘူး။ မင်းလက်ခံနိုင်လား...?? ငါတို့၃ယောက်ကြားက အချစ်ကသာ နတ်ဆိုးတစ်ကောင်လို့များ ငါပြောခဲ့မယ်ဆိုရင...