(Unicode)
ကျွန်တော် ခြံထဲလှမ်းဝင်လိုက်သည်နှင့်အတူ စိတ်အစဉ်က ပင်ပန်းနွမ်းလျနေသလိုပင်...။ ကျွန်တော် ကြီးမားသည့်ခြံကြီးကိုဖြတ်ပြီး မှတ်မိနေသည့် အိမ်တံခါးလော့ကိုနှိပ်ကာ အိမ်ထဲလှမ်းဝင်လိုက်သည်...။ အိမ်ရဲ့ ခပ်မွှေးမွေးအနံ့က တရင်းတနှီးပင် ကျွန်တော့်နှာခေါင်းထဲ ဝင်ရောက်လာသည်...။
ကျွန်တော် Yoongi အိမ်တွင် ကျန်ခဲ့သည့်ဟန်းချိန်းကို ပြန်လာယူရန် အိမ်အပေါ်ထပ်သို့တက်လိုက်သည်...။ ဒီဟန်းချိန်းက Hobi ကျွန်တော့်ကိုပေးထားသည့် ဟန်းချိန်းလေးပင်...။ သူ့ဆီက ထွက်လာတော့ ဘာပစ္စည်းမှမယူခဲ့ပေမယ့် ထိုဟန်ချိန်းကိုတော့ ကျွန်တော်ယူချင်သည်...။ သူဖန်တီးထားသည့် Hobi ရဲ့လက်ဆောင်မို့လား...။
ကျွန်တော်အခန်းထဲက ဘီရိုထဲမှ ဟန်းချိန်းကိုယူကာ အပြင်သို့လှည့်အထွက် ကျွန်တော့်ကုတင်ဘေးတွင် ခပ်လှုပ်လှုပ်အရာကြောင့် ထိုအရာရှိရာသို့ လျှောက်သွားလိုက်သည်...။ မြင်လိုက်ရတဲ့အခါမှာတော့ ကျွန်တော့်ခြေလှမ်းများရပ်တန့်ကာ ငေးမောကြည့်နေမိသည်...။ သူ... Yoongi... ကုတင်ကိုကျောမှီပြီး ခေါင်းက အောက်သို့ငိုက်ကာ အိပ်နေသည်...။ အိပ်နေသည်ထင်တာပင်...။
သူ အလုပ်မသွားဘူးလား...?? ကျွန်တော်တမင် သူ့ကိုမတွေ့ချင်သဖြင့် သူအလုပ်သွားချိန်ကိုမှန်းကာ ဆိုင်ကိုနေ့တစ်ပိုင်းခွင့်ယူပြီး ဒီအိမ်လာခဲ့သည်လေ...။ ကျွန်တော့်စိတ်က ထိန်းချုပ်မှုမရခင် ကျွန်တော့်ခြေထောက်က သူ့အနားရောက်သွားကာ ငုတ်တုတ်ထိုင်ပြီး သူ့ကိုကြည့်လိုက်မိသည်...။ သူ့ပုံစံက ညှင်းသိုးသိုးနှင့် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများဖြင့်...။
ကျွန်တော့်လက်က သူ့ရဲ့ပါးပြင်နား တို့ထိရန် ပြင်လိုက်ပြီးမှ သတိဝင်သွားရသည်...။ တော်တော့... ရပ်သင့်ပြီ...။ ကျွန်တော် လွှင့်ထွက်နေသည့်စိတ်ကို ထိန်းကာ ထရပ်လိုက်သည်...။
''ဗုန်း!!!"
''အာ့!!!"
ရုတ်တရက် ကျွန်တော့်လက်ကိုဆွဲပြီး ကျွန်တော့်ကိုယ်ကို ကုတင်ပေါ်ပစ်လှဲလိုက်သည့်အရှိန်ကြောင့် ကျွန်တော်အော်လိုက်မိသည်...။ သူက ချက်ချင်းကျွန်တော့်ပေါ်ခွကာ အုပ်မိုးလျှက် ကျွန်တော့်နှုတ်ခမ်းနှင့် ကျွန်တော့်မျက်နှာအနှံ့ ခပ်ကြမ်းကြမ်းနမ်းလာသည်...။ သူ့ရဲ့ နှုတ်ခမ်းမွှေးခပ်ရေးရေးက ကျွန်တော့်နှုတ်ခမ်းကိုတောင် ထိခိုက်နာကျင်စေသည်...။
ESTÁS LEYENDO
The Devil (Completed)
Romanceငါ့ရဲ့အချစ်ကို အဓမ္မယူခဲ့တဲ့မင်းလဲ နတ်ဆိုးမဟုတ်ဘူး။ ကလဲ့စားချေဖို့ ဆုံးဖြတ်ခဲ့တဲ့သူလဲ နတ်ဆိုးမဟုတ်ဘူး။ လွယ်လွယ်နဲ့ မင်းကိုချစ်မိသွားတဲ့ငါလဲ နတ်ဆိုးမဟုတ်ဘူး။ မင်းလက်ခံနိုင်လား...?? ငါတို့၃ယောက်ကြားက အချစ်ကသာ နတ်ဆိုးတစ်ကောင်လို့များ ငါပြောခဲ့မယ်ဆိုရင...