Part - 24

475 31 26
                                    

(Unicode)

ကျွန်တော့်စကားအဆုံး သူ့ရဲ့စောစောက ရွှင်လန်းနေသည့် အကြည့်များရှိနေသောမျက်ဝန်းက သူ့ရဲ့မျက်မှောင်ကျုံ့မှုမှာ ကွယ်ပျောက်ကာ သူ့အကြည့်က အံ့သြလာသလို...။ ကျွန်တော် အနည်းငယ်မျှ လွင့်ထွက်ချင်မိသည့် မောပန်းစိတ်ကိုထိန်းရန် လက်မနှင့်လက်ညိုးကို အဓိပ္ပါယ်မဲ့ပွတ်တိုက်နေမိသည်...။

''ငါ ဆက်နေမယ်"

''မရဘူး Yoongi"

ကျွန်တော့်ရဲ့ပြတ်သားလှတဲ့စကားအဆုံး သူ့အသံက တိတ်ဆိတ်သွားသလို ကျွန်တော့်ရုံးခန်းအပြင်ဘက်မှာတော့ အခုမှရောက်လာကြသည့် ဝန်ထမ်းတွေကို အခန်းမှန်မှတဆင့် လှမ်းမြင်နေရသည်...။ ဝန်ထမ်းများက မနက်စောစော ရုံးခန်းထဲရောက်နေသည့် ကျွန်တော်တို့ကိုမြင်တော့ အားလုံးအံ့သြနေကြသည်...။

''ဘာလို့လဲ...??"

''တကယ်ဆို ဒီအဖြေကို ခင်ဗျားသိပါတယ်"

ကျွန်တော်တို့နှစ်ယောက်ငြိမ်သက်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိသည်...။ ကျွန်တော့်ကိုကြည့်နေသည့် သူ့အကြည့်က ကျွန်တော့်မျက်ဝန်းက အဓိပ္ပါယ်ကို ကြိုးစားရှာဖွေနေသလို...။ ဒါပေမယ့် ကျွန်တော်ကတော့ မဖြစ်လာတော့မယ့် အခြေအနေကို သဘောပေါက်နားလည်စွာ ခံစားမှုတွေကို ကြိုးစားမြိုသိပ်တတ်သူလေ...။

''ငါမသိဘူး... ငါမသိဘူး Park Jimin...!!!"

ခပ်တိုးတိုးထွက်ကျလာသည့် သူ့စကားက စိတ်ပျက်ဝမ်းနည်းမှုတွေ ပါနေသလိုပင်...။ ဒါဆို ဖုံးကွယ်ခြင်းပညာကို ကျွန်တော်တတ်မြောက်ခဲ့ပြီထင်သည်...။ ငါမသိဘူးဆိုသည့် သူ့စကားက အတိတ်က သူ့ပုံစံကို ကျွန်တော့်စိတ်ထဲ အရိပ်ထင်စေသည်...။

ဟုတ်တယ်...။ သူဘယ်တုန်းကမှ ကျွန်တော့်ခံစားချက်ကို မသိခဲ့ဘူး...။ သူဘယ်တုန်းကမှ ကျွန်တော့်အတွေးကို မရိပ်မိခဲ့ဘူး...။ အရင်အတိတ်က ဒါက ဆိုးဝါးမှုတစ်ခုဆိုပေမယ့် အခုပစ္စုပ္ပန်မှာ သူမသိတာက ကောင်းမွန်မှုတစ်ခုလား...။ သူကံကောင်းတယ်လို့ ပြောရမလား...။ ကျွန်တော် ကံဆိုးတာလား...။ တစ်ခါတစ်ရံ အသိတရားတွေက နာကျင်မှုကို ပိုဖြစ်စေတယ်လေ...။

The Devil (Completed)Where stories live. Discover now