Part - 9

316 44 23
                                    

(Unicode)

24နာရီ...။ အချိန်တွေကုန်တာ မြန်လွန်းနေတာလား...။ ဒီနေ့တစ်နေ့လုံး Hobi နှင့်ကျွန်တော် အတူတူလျှောက်လည်ဖြစ်သည်လေ...။ Hobi က ဒီနေ့ရိုက်ကွင်းနားပြီး အချိန်တွေအားလုံးကို ကျွန်တော်နှင့်အတူတူ ကုန်ဆုံးစေသည်...။

မနက်စာအတူတူစား၊ ဈေးထဲကိုသွားပြီး ကျွန်တော်တို့အတူတူ လက်တွဲပြီးလျှောက်လည်ကြသည်...။ ကျွန်တော်တို့အတူတူ လျှောက်လည်ရင်းပင် Hobi ကိုမှတ်မိသွားသည့် ပရိတ်သတ်တစ်ယောက်ကြောင့် ကျွန်တော်တို့နားလူတွေစုပုံရောက်ရှိလာ၍ ထိုလူအုပ်ကြားမှ ကျွန်တော့်လက်ကိုဆွဲပြီး Hobi ပြေးထွက်ခဲ့သည်...။

မောပန်းစွာပြေးထွက်လာပေမယ့် ကျွန်တော်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မောနေကြတယ်လေ...။ ဒီနေ့က ကျွန်တော့် အတွက် သိပ်ကိုပျော်ရွှင်စရာနေ့လေးပေါ့...။ ပြီးတော့ လွတ်လပ်မူကိုခံစားရသည့် နေ့လေးပေါ့...။ ထိုအချိန်ခဏအတွင်းမှာ ကျွန်တော်တို့တွေ အရင်တုန်းကအခြေအနေကို ပြန်လည်ရောက်လာသလိုပင်...။

''မပင်ပန်းဘူးလား... ညကလဲ Minnie အိပ်မပျော်ဘူးမို့လား"

ကျွန်တော့်ရှေ့ရောက်လာသည့် အအေးခွက်ကိုယူပြီး ကျွန်တော် Hobi ကိုပြုံးပြလိုက်သည်...။

''ဟင့်အင်း.... ငါမပင်ပန်းပါဘူး"

ကျွန်တော်ပြောပြီး အအေးကို တစ်ငုံ့မော့သောက်လိုက်သည်...။ Hobi လည်း ကျွန်တော့်ဘေးတွင်ရပ်ပြီး တရွေ့ရွေ့သွားနေသည့် ရေပြင်ကိုကြည့်နေသည်...။ ညနေရောက်တော့ Hobi ရဲ့ မော်တော်ဘုတ်စီးရအောင်ဟူသောစကားကြောင့် အခုကျွန်တော်နှင့် Hobi က ပင်လယ်ထဲမှာ မော်တော်တစ်စီးဖြင့် ရွက်လွှင့်နေကြသည်လေ...။

လေရဲ့တိုက်ခက်မူကြောင့် တစ်ချက်တစ်ချက်တုန်သွားသည့် ကျွန်တော့်ကိုကြည့်ပြီး Hobi က သူ့ရဲ့အပေါ်ဝတ်ကိုချွတ်ပြီး ကျွန်တော့်အပေါ်လွမ်းခြုံပေးလိုက်သည်...။ ကျွန်တော့်ကိုယ်ခန္ဓာတစ်ခုလုံး ပင်ပန်းနေပေမယ့် ကျွန်တော်အနားယူလိုမရ...။

ဟိုတစ်နေ့တည်းက ကျွန်တော် အိပ်ရေးပျက်ခဲ့တာမို့လား...။ မနေ့ညကလည်း တစ်ညလုံးအိပ်မပျော်ခဲ့...။ အခုလည်း ပင်ပန်းနေသည်ကို ကျွန်တော်ခံစားရတောင် ကျွန်တော့်စိတ်က အနားယူပစ်လို့မရ...။ Hobi အနားမှာ ရှိနေချင်မိသောကြောင့်လား...။ အချိန်တွေကုန်သွားမှာ နှမျှောနေမိလို့လား...။

The Devil (Completed)Tahanan ng mga kuwento. Tumuklas ngayon