Part - 18

306 37 38
                                    

(Unicode)

ကျွန်တော့်ဆီက တုန့်ပြန်မှုမရှိတော့ သူ့ရဲ့လက်က ကျွန်တော့်ပခုံးကို ပိုပြီးတင်းကြပ်စွာဖက်လာသည်...။ ပြီးတော့ ကျွန်တော့်လည်တိုင်ပေါ် အေးစက်သည့်သူ့နှုတ်ခမ်းရဲ့အနမ်းက နှလုံးသားကို ပူနွေးစေသည်...။

''မင်း နိုင်ပါတယ်... ဒီပွဲမှာ မင်းတို့နိုင်ပါတယ်... ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုမချစ်လို့ သစ္စာဖောက်ခံရတာထက် ကိုယ်လည်းချစ်တယ် ကိုယ့်ကိုလည်းချစ်တဲ့သူကို ပိုင်ဆိုင်ဖို့ကြိုးစားခွင့်မရှိခဲ့တဲ့ နောင်တတွေနဲ့ ငါ့ဘဝတစ်ခုလုံးကို ခံစားစေတာ... မင်းနိုင်ပါတယ် Jimin...  မင်း အနိုင်နဲ့ပိုင်းပြီး ငါ့ကိုချစ်ခဲ့လို့"

ကျွန်တော် သူ့လက်ကိုဖြုတ်ပြီး သူ့ကိုလှည့်မကြည့်မိအောင်ထိန်းကာ တည်ငြိမ်စွာလျှောက်လှမ်းနေမိသည်...။ အနိုင်နဲ့ပိုင်းပြီး ချစ်ခဲ့သည်တဲ့လား...။ တကယ်တော့ ကျွန်တော်အရှုံးပေးချစ်ခဲ့မိလို့ အချစ်တွေနဲ့ဆုံးရှုံးနာကျင်နေတဲ့ Hobi ကို ထပ်ပြီးမနာကျင်စေချင်တော့တာပါ...။

ကျွန်တော့်နာကျင်မှု၊ ကြေကွဲမှု၊ ဝမ်းနည်းမှု၊ ရှုံးနိမ့်မှု၊ ခံစားမှုတွေ အားလုံး... ပြီးတော့ ကျွန်တော့်အသက်ရှုသံကအစ ခင်ဗျားကြောင့် ဖြစ်ပေါ်လာတယ်ဆိုပေမယ့် Min Yoongi ခင်ဗျားဖန်တီးခဲ့တဲ့ ကျွန်တော့်ခံစားမှုတွေရဲ့ နာကျင်မှုကို Hobi သာလျှင် စီရင်ပါစေ...။ Hobi သာလျှင် ဆုံးဖြတ်ပါစေ...။ ခင်ဗျားအတွက် ကျွန်တော့်ရဲ့ ယုတ်ညံ့တဲ့အချစ်တစ်ခုကိုပေါ့...။

ကျွန်တော် ဘက်စ်ကားပေါ်ကဆင်းပြီး Taehyung ဆိုင်ရှိရာသို့ လျှောက်လာလိုက်သည်...။ စောစောက Taehyung ဆီက massage အရ Hobi ဆိုင်မှာရှိနေဆဲလေ...။ ကျွန်တော် ဆိုင်ခန်းတံခါးကိုဖွင့်ကာ ဝင်လိုက်တော့ လဲကျနေသည့်ခုံများက စောစောကအတိုင်း ရှိနေဆဲ...။ လူတွေမရှိတော့ပဲ မှောင်မည်းနေသည့်ဆိုင်ထဲ ကျွန်တော် တစ်လှမ်းချင်းလျှောက်တော့ အတွင်း ခန်းက မီးရောင်ကြောင့် ကျွန်တော်မီးရောင်ရှိရာ သွားလိုက်သည်...။

ကြယ်ပုံစံလေးတွေ ချိတ်ဆွဲထားသည့် ခန်းစီးလိုက်ကာကြိုးစလေးတွေကြားမှ မြင်နေရသည့် Hobi ရဲ့ကျောပြင်...။ Hobi ဘေးမှာတော့ Taehyung က ထိုင်နေသည်...။ အခုထိ သောက်နေကြဆဲလား...။

The Devil (Completed)Dove le storie prendono vita. Scoprilo ora