Epilogue

967 50 19
                                    

(Unicode)

ကျွန်တော် Hobi ကို ကြည့်တော့ သူ့မျက်ဝန်းမှာ ဘာအရိပ်အယောင်မှ မရှိချေ...။

''အင်း... ရောက်နေတယ်"

''မင်းတို့ အခြေအနေကရော...??

ကျွန်တော် ထိန်းချုပ်နေသည့်ကြားမှ Hobi ကို အံ့သြကာကြည့်လိုက်မိသည်...။ ဘာကို မေးချင်တာလဲ...?? ဘာကို သိချင်တာလဲ...??

''ဘာအခြေအနေလဲ... ငါတို့က ဘာမှပြန်ဖြစ်လာမှာမဟုတ်ဘူး"

''ငါ့ကိုပေးထားတဲ့ ကတိစကားကြောင့်လား...??"

''Hobi....!!!

ကျွန်တော့်စကားသံက အနည်းငယ်တော့ ခက်ထန်သွားလိမ့်မည်...။ ကျွန်တော် Hobi ကိုစူးစိုက်ကြည့်ကာ သက်ပြင်းတစ်ချက်ချလျှက် ပြန်ပြောလိုက်သည်...။

''ဟုတ်တယ်... မင်းကိုပေးထားတဲ့ ကတိကြောင့်မို့လို့"

''ဒါများ..."

''ဒါပေမယ့်..."

ကျွန်တော့်စကားကြောင့် Hobi ပြောလက်စ,စကား ရပ်တန့်သွားပြီး ပြုံးလက်စအပြုံးက အနည်းငယ်အရောင်ဖျော့သွားသည်...။ ကျွန်တော်လက်နှစ်ဖက်ဖြင့် ကော်ဖီခွက်ကို ဆုပ်ကိုင်ထားမိပေမယ့် ပူလောင်မှုကို ခံစားမသိရှိရ...။

''ငါကိုယ်တိုင်လည်း အယုံအကြည်မရှိတော့ဘူး Hobi... ငါသူ့ကို အခုထိမယုံဘူး... ငါသူ့အချစ်ကို အခုထိမယုံဘူး... နှစ်နှစ်တောင်ငါတို့တွေ နေနိုင်ခဲ့ပြီးမှ ရုတ်တရက်ပေါ်လာပြီး ပြောင်းလဲပြနေတဲ့သူ့ကို ငါမယုံဘူး"

ကျွန်တော့်စကားအဆုံး Hobi စိတ်ရှုပ်စွာခေါင်းခါလျှက် ကျွန်တော့်ကိုကြည့်ကာ ပြောလာခဲ့သည်...။

''သူက လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး ပြောင်းလဲခဲ့တယ်ဆိုရင်ရော"

ကျွန်တော် Hobi ကိုနားမလည်သလို ကြည့်နေမိသည်...။ Hobi က မှန်မှတဆင့်မြင်နေရသည့် ဖုန်းပြောနေသော Seokjin ကို လက်တစ်ချက်ပြလိုက်ပြီးမှ ဆက်ပြောလာခဲ့သည်...။

''လွန်ခဲ့တဲ့နှစ်နှစ်က ငါလန်ဒန်ရောက်တဲ့နေ့မှာပဲ Min Yoongi ငါ့ဆီရောက်လာတယ်... မင်းရှိတဲ့နေရာကို သူသိတယ်ဆိုတာနဲ့ ငါခွင့်ပြုရင် နောက်ထပ်တစ်ကြိမ် မင်းအချစ်ကိုရဖို့ ကြိုးစားချင်တဲ့အကြောင်း ငါ့ကိုခွင့်တောင်းတယ်... ငါလက်မခံတော့ နှစ်နှစ်တိတိ သူငါ့ကိုနေ့တိုင်း နှင်းဆီပန်းအနီရောင်တစ်ပွင့် အမြဲလာပေးတယ်... ငါ Seokjin ကို စိတ်ဝင်စားလာမှ သူ့ခံစားချက်ကို နားလည်ပေးမိလာတယ်... လူတိုင်းက အသက်ရှင်နေသ၍ ပြောင်းလဲမှုတွေကို ကြုံရမှာပဲလေ"

The Devil (Completed)Where stories live. Discover now