Part - 7

338 41 41
                                    

(Unicode)

သူမရဲ့ဒေါသနှင့် နာကျင်မှုကြောင့် စကားသံက တိမ်ဝင်နေသလိုပင်...။ ကျွန်တော် သူမကို အားနာစွာကြည့်လိုက်တော့ သူမက ကျွန်တော့်ကို မုန်းတီးစွာကြည့်နေသည်...။ 

သူမ ကျွန်တော့်ကို မကြည်ဖြူဘူးတဲ့လား...။ အံ့သြစရာပင်...။ သူက noona အဖြစ် သတ်မှတ်ထားသည့် သူမက သူ့အပေါ် ရိုးသားသည့်ခံစားမူ မရှိခြင်းပင်...။ သူမက သူ့ကိုပိုင်ဆိုင်ချင်သည်မို့လား...။ ဒါကြောင့်လဲ သူ့အနားအမြဲရှိနေသည့် ကျွန်တော့်ကို သူမ မနာလိုမုန်းတီးနေတာ...။

အခုလည်း သူ့ရုံးလိုက်လာပြီး သူအစည်းအဝေးသွားနေစဉ် ကျွန်တော့်ကို သူမက သူ့အနားက ထွက်သွားဖို့ တောင်းဆိုနေခြင်းပင်...။ မဟုတ်ဘူး အမိန့်ပေးနေတာပါ...။ ခက်တာက သူ့အနားက ကျွန်တော်ထွက်သွားလို့မရတာ သူမ မသိဘူးထင်...။ ဒါကြောင့်လဲ မတုန်မလှုပ်ဖြစ်နေသည့် ကျွန်တော့်ကိုကြည့်ပြီး အနီးရှိပန်းအိုးကိုခွဲပြီး ကျွန်တော့်ကို ထုရိုက်နေသည်မို့လား...။ ကျွန်တော်တို့အခန်းထဲက အသံများကြောင့် အတွင်းရေးမှူးမက သူ့ကိုအကြောင်းကြားလိုက်ပုံပင်...။ သူချက်ချင်းရောက်လာသည်လေ...။

''ကျွန်တော် ခင်ဗျားကို တစ်ခုခုထမလုပ်မိခင် အခုချက်ချင်း အခန်းထဲကထွက်သွား... ပြီးတော့ ကျွန်တော့်ရှေ့ပေါ်မလာနဲ့... ငွေမက်လို့ ကျွန်တော့်နားကပ်တယ်ဆိုလည်း စိတ်ချ... ခင်ဗျားရသင့်တာ ကျွန်တော်ပေးမယ်"

သူအသက်ကို ပြင်းပြင်းတစ်ချက်ရှူပြီး သူမရှိရာကိုကြည့်ပြီး ပြောလာခဲ့သည်...။ သူ့အကြည့်က နာကြည်းနေသလိုပင်...။ ကျွန်တော်ကိုယ်တိုင်လည်း အသက်ရှူကြပ်လာသလိုပင်...။

''ကျွန်တော်ချစ်တဲ့သူ့ကို ထိခိုက်အောင်လုပ်တာ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ... နောက်တစ်ခါဆို ကျွန်တော့်ကို အပြစ်မတင်နဲ့"

ကျွန်တော်ချစ်တဲ့သူ... ဟုတ်လား...?? ဘာကြောင့်မှန်းမသိ သူ့ရဲ့ချစ်သူဆိုသည့်စကားမှာ ကျွန်တော့်လက်ဖဝါး ခြေဖဝါးတွေ အေးစက်သွားသလိုပင်...။ ပြီးတော့ ဝမ်းနည်းနာကျင်လာပြီး မွန်းကြပ်လာသလိုပင်...။ ရေခဲရေက အရမ်းအေးနေလို့များလား...။

The Devil (Completed)Donde viven las historias. Descúbrelo ahora