Part - 10

350 43 28
                                    

(Unicode)

ခပ်တိုးတိုး Hobi စကားအသံအဆုံး နွေးထွေးသည့်အနမ်းက ကျွန်တော့်ဆံပင်ပေါ်ကျရောက်တော့ ကျွန်တော်ရင်ခုန်လှုပ်ရှားကာ မျက်လုံးလေးပုတ်ကာ ကြောင်ကြည့်နေမိသည်...။

Hobi မမေ့ဘူးပဲ...။ မနှစ်က ကျွန်တော့်မွေးနေ့မှာ ကျွန်တော် လိုချင်လှပါပြီရဲ့ဆိုပြီး ပြောခဲ့သည့်ဟန်းချိန်းကို ကျွန်တော့် အသက်24နှစ်ပြည့် မွေးနေ့မှာ သူဝယ်ပေးမည်ဆိုသည့်ကတိကို Hobi မမေ့ဘူးပဲ...။ ကျွန်တော်တောင်မေ့နေခဲ့တာ ဒီနေ့က ကျွန်တော့်ရဲ့ 24နှစ်ပြည့်မွေးနေ့ဆိုတာကို...။

ကျွန်တော့်ကို ကြင်နာစွာကြည့်နေသည့် Hobi ကို ကြည်နူးစွာ ကြည့်မိသည်...။ ပြီးတော့ ကျေနပ်စွာပြုံးလိုက်မိသည်...။ Hobi က ကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး အခန်းထဲမှထွက်သွားကာ အခန်းတံခါးပိတ်သံအဆုံး Yoongi က ကျွန်တော့်နားလျှောက်လာသည်...။ ကျွန်တော့်လက်က ဟန်းချိန်းကိုဆွဲဖြုတ်ကာ အခန်းထောင့်တစ်နေရာကို လွှင့်ပစ်လိုက်သည်...။

''ဘာလုပ်တာလဲ Min Yoongi !!"

ကျွန်တော်သူ့ကိုနာကျင်စွာ ပြီးတော့ နာကြည်းစွာ အော်လိုက်သည်...။ သူက ကျွန်တော့်ကိုစူးစိုက်ကြည့်ပြီး သူ့အကြည့်က သားရဲတစ်ကောင်လို...။

''လွှင့်ပစ်တာလေ... မမြင်ဘူးလား...??"

''ဒါကျွန်တော့်ကိုယ်ပိုင်ပစ္စည်း... ကျွန်တော့် မွေးနေ့လက်ဆောင်... ခင်ဗျား ဒီလိုလုပ်လို့မရဘူး"

''ငါ့ဘေးမှာရှိနေချိန် မင်းကိုယ်ပိုင်ပစ္စည်းဆိုတာမရှိဘူး"

ကျွန်တော် သူ့စကားကြောင့် အသံထွက်တစ်ချက်ရယ်ကာ စောင်ကိုကိုယ်မှာပတ်ပြီး ကုတင်ပေါ်မှဆင်းကာ အခန်းထောင့်က သူလွှင့်ပစ်လိုက်သည့်ဟန်းချိန်းကို သွားကောက်လိုက်သည်...။ ကျွန်တော့်လက်တစ်ဖက်က စောင်ကိုကိုင်ပြီး ကျန်လက်တစ်ဖက်က ဟန်ချိန်းကို ကောက်ယူရန်ပြင်လိုက်စဉ်....

'' ဒုန်း!!!"

'' အာ့! "

ရုတ်တရက် ကျွန်တော့်လက်မောင်းကိုဆွဲကာ လုပ်လိုက်သည့်သူ့အပြုအမူကြောင့် ကျွန်တော်အရှိန်ဖြင့် ခပ်ဝေးဝေးသို့ လွင့်ထွက်ကာ နံရံနှင့်ထိခိုက်မိသည်...။ ကျွန်တော့်ကျောက နာကျင်မှုကြောင့် ကျွန်တော်အော်လိုက်မိသည်...။ အခန်းထောင့်တစ်နေရာမှာတော့ ဟန်းချိန်းလေးက အထီးကျန်စွာ...။

The Devil (Completed)Where stories live. Discover now