Chapter |7| Zaw

506 10 0
                                    

"ဦးဓန..."

သူခေါ်တော့ ဦးဓနက မေးဆတ်ပြသည်။ မော့ကြည့်မလာ။ ဧည့်ခန်းကြမ်းပြင်မှာထိုင်ပြီး စားပွဲပေါ်တင်ထားသည့် လပ်တော့ပ်ကိုကြည့်လိုက် ဂဏန်းပေါင်းစက်ကို တတောက်တောက်နှိပ်လိုက်နှင့် ဘာတွေအလုပ်ရှုပ်နေသည်မသိ။ တခြားအချိန်တွေမှာ မျက်မှန်တပ်လေ့မရှိသည့်ဦးဓနက အီလက်ထရောနစ်ပစ္စည်းများသုံးချိန်တွင် မျက်မှန်တပ်လေ့ရှိမှန်း ဒီရက်တွေထဲ သူသိခဲ့ရသည်။ မျက်မှန်တပ်ထားသည့်အချိန်ဆို ဦးဓနက တစ်မျိုးလေးကြည့်ကောင်းနေပြန်သည်။ ပိုချောသွားသယောင်။ ပိုခန့်သွားသယောင်။

သူအိမ်ထဲအောင်းနေရတာ ငါးရက်ရှိပြီ။ဆေးခန်းကပြန်လာသည့်နေ့ကတည်းက ဦးဓနက သူ့ကိုခြံထဲမသွားခိုင်းသလို သူကိုယ်တိုင်လည်းခြံထဲမသွား။ အကိုရဲသွင်နှင့်သာ လက်လွှဲထားသည်။

ဒီရက်တွေထဲ ဦးဓနနှင့် သူ့ကြားကဆက်ဆံရေးက အဆင်ပြေလာသည်ဟုဆိုရမည်။ အရင်ကလို ကတောက်ကဆလည်းမဖြစ်တော့သလို ဦးဓနကလည်း သူ့ကိုအလိုလိုက် အကြိုက်ဆောင်လာသည်။ သူနေမကောင်းသည့်ရက်တွေမှာလည်း ဦးဓနက မငြီးမပြူဖြင့် ပြုစုပေးသည်။ နှစ်ယောက်သား ပူးပူးကပ်ကပ်ဖြင့် အနေနီးခဲ့သည့်နေ့ရက်တွေမှာ သူ့အပေါ် ယိုဖိတ်နေသည့် ဦးဓန၏ မေတ္တာတွေကို မှန်းဆမိခဲ့ရသည်။ သူကလည်း ခြေတစ်လှမ်းကျွံနေပြီဖြစ်သည့် ဘေးအိမ်ကကိုကိုလည်းတစ်ဖြစ် ဦးဓနမင်းထင် ဟူသည့် အချစ်နွံထဲသို့ ပို၍ကျွံဝင်လာရသည်။ အရင်ကတော့ ခြေတစ်လှမ်းသာ ကျွံဝင်နေခဲ့ပေမယ့် ယခုအချိန်မှာတော့ သူကိုယ်တိုင်လိုလိုလားလားနဲ့ ရုန်းထွက်ဖို့ခက်တဲ့အချစ်နွံထဲ တစ်ကိုယ်လုံးနစ်မြုပ်သွားတဲ့အထိခုန်ဆင်းချင်နေတော့တာ။

ဦးဓန၏ ရင်ငွေ့ကိုလှုံပြီး မေတ္တာကိုခြုံကာ အချစ်နွံထဲတဖြည်းဖြည်းကျွံဝင်နစ်မြုပ်လာခဲ့ရသည်။

အခုချိန်ထိ သူ့ကိုဂရုမစိုက်ပဲ လျစ်လျူရှုထားသည့် ဦးဓန နားသွားပြီး ပေါင်ပေါ်သို့ခေါင်းတင်ကာ လှဲချလိုက်သည်။ မထင်မှတ်ထားသည့်အပြုအမူတွေပြုလုပ်တိုင်း ဦးဓနက မချင့်မရဲဖြင့်သူ့ကိုကြည့်တတ်သည်။ ယခုလည်း သူ ဦးဓနပေါင်ပေါ် ခေါင်းအုံးပြီးအိပ်လိုက်တော့ ဦးဓနကိုယ်က ဆတ်ခနဲမတ်သွားပြီး သူ့ကိုငုံ့ကြည့်လာသည်။

Fell in love within THIRTY DAYS(Complete)Where stories live. Discover now