After Marriage | Uni

1.8K 93 2
                                    

ဆောင်းဝင်ခါစမို့ ဆောင်းအငွေ့အသက်ရောနေသည့် နံနက်ခင်းလေပြည်အေးစိမ့်စိမ့်က ပြတင်းပေါက်ကိုဖြတ်ကျော်ပြီး အခန်းအတွင်းဝေ့ဝဲတိုက်ခတ်နေသည်။ အေးလွန်းသည်မဟုတ်သော်လည်း ချမ်းစိမ့်စိမ့်ကလေးဖြစ်နေသည်မို့ အနွေးဓာတ်ပေးမည့် ရင်ခွင်ကျယ်ကို ယမ်းသမ်းပြီးရှာမိသည်။ မျက်လုံးတွေကတော့မှေးမှိတ်ထားဆဲ။

လက်ဖြင့် စမ်းပြီးရှာနေသော်လည်း အနွေးဓာတ်ပေးမည့် ရင်ခွင်ကျယ်ပိုင်ရှင်အားမတွေ့။ ထိုအစား အေးစက်နေသည့် နေရာလွတ်တစ်နေရာကိုသာ စမ်းမိရသည်။ အလိုမကျဖြစ်လာသည့်စိတ်တို့ကြောင့် မျက်ခုံးတွေကိုစုကျုံ့ပြီး မျက်လုံးကိုဖြေးဖြေးချင်းဖွင့်ကြည့်မိသည်။ မနက်တိုင်း သူ့ကိုရင်ခွင်ထဲထည့်ပြီး အနွေးဓာတ်ပေးတတ်သည့်ဦးဓနကို မတွေ့။ ရေချိုးခန်းထဲရောက်နေလားဟူသည့် အတွေးဖြင့် အသံတိတ်နားစွင့်ကြည့်သော်လည်း ရေကျသံပင်မကြားရ။

မနက်နိုးတိုင်း ရနေကျအနွေးဓာတ်နှင့် အကြင်နာအနမ်းတို့ကိုမရတော့ သူ စိတ်တိုချင်လာသည်။ အိမ်ထောင်သည်ဘဝကို စရောက်ကတည်းက မနက်နိုးတိုင်း အနမ်းတွေကို မပျက်မကွက်ပေးခဲ့သည့် ဦးဓနက ဒီနေ့တော့ တာဝန်တွေစပြီးပျက်ကွက်နေခဲ့ပြီ။

"အ..."

စိတ်အလိုမကျခြင်းကြောင့် ရုတ်တရက်ထထိုင်လိုက်သည့်အကျိုးဆက်က ခါးရိုးတစ်လျှောက်အောင့်မျက်သွားသည့်ဝေဒနါကိုခံစားလိုက်ရသည်။

*သောက်အဖိုးကြီး... လူလိုမလုပ်ဘူး။

"ချာတိတ် နိုးနေပြီလား"

အခန်းတံခါးဖွင့်ဖွင့်ချင်း မွေ့ယာပေါ်ထိုင်နေသည့် သူ့ကိုမြင်သည်နှင့် ဦးဓနက ပြုံးတုံ့တုံ့ဖြင့်မေးလာသည်။

ထိုလူကြီး၏မျက်နှာကိုမကြည့်ချင်၍ မျက်နှာအား ထိုလူကြီးနှင့်ဆန့်ကျင်ဘက်သို့ ချက်ချင်းလွှဲလိုက်သည်။

"ကိုယ်ညက နည်းနည်းကြမ်းသွားတာ တောင်းပန်ပါတယ် ချာတိတ်ရာ... စိတ်ကောက်မနေနဲ့နော်... ကိုယ်နို့ဆန်ပြုတ်ပူပူလေးပြုတ်ပေးထားတယ်"

သတ်မှတ်ရက်ပြည့်၍ နှစ်ယောက်သား ကြည်ကြည်နူးနူးနှင့် ချစ်တင်းနှောပြီးတိုင်း သူစိတ်အပျက်ဆုံးအရာသည် ဆန်ပြုတ်သောက်ရခြင်းပင်။ မသောက်ချင်ဘူးပြောလည်း မရ။ ထိုလူမမာစာကြီးကို သူမစားချင်ပါ။

Fell in love within THIRTY DAYS(Complete)Where stories live. Discover now