Chapter |3| Zaw

680 10 0
                                    

Dana Farmအတွင်း ဖြတ်ပြေးတိုက်ခတ်နေသည့်လေထုက လတ်ဆတ်အေးမြသည်။ သူဘယ်လောက်ပင်အိပ်ပျော်သွားသည်မသိ။ မွေ့ယာနှင့်ထိကပ်ထားသည့် ကျောပြင်မှ ပူပြင်းပြင်းအထိအတွေ့ကိုခံစားရသည်။ အခုအချိန်ထိ မဖွင့်ရသေးသည့် မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ မိုးစင်စင်ပင်လင်းနေပြီ။

*ဒါဆို မနေ့ကနေ့လည်ကတည်းကအိပ်ပျော်သွားတာ အခုမှနိုးတာပေါ့။

"ဒေါက် ဒေါက် ချာတိတ်နိုးရင် မျက်နှာသစ်ပြီး အောက်ဆင်းခဲ့နော်"

တံခါးခေါက်သံနှစ်ချက်ကြားပြီးနောက် ဦးဓန၏ လေသံရှရှကိုကြားရသည်။ အတန်ကြာသည်အထိ အခန်းထဲက သူ့ထံမှ တုံ့ပြန်မှုမရတော့ အခန်းတံခါးအောက်ဘက်မှမြင်နေရသည့် အရိပ်မည်းမည်းက ပျောက်ကွယ်သွားသည်။

အခန်းရှေ့မှ ဦးဓနထွက်ခွာသွားသည်နှင့် သူ မွေ့ယာထက်မှဆင်းကာ ရေချိုးခန်းထဲ အစောတလျင်ပြေးဝင်ပြီး ကိုယ်လက်သန့်စင်မှုပြုရသည်။ ထို့နောက် ပေါ့ပေါ့ပါးပါးရှိမည့် ဝတ်စုံတစ်စုံကိုထုတ်ဝတ်ပြီး အောက်ထပ်သို့ ဒရောသောပါးပြေးဆင်းမိသည်။

ထမင်းစားခန်းအဝသို့ရောက်သည်နှင့် ချက်ချင်းဝင်မသွားသေးပဲ အခြေအနေကိုအကဲခတ်ကြည့်သည်။ ဦးဓနက သူ့ကိုကျောပေးကာ ကော်ဖီခွက်တွေနှင့်အလုပ်ရှုပ်နေသည်။ စွပ်ကျယ်အင်္ကျီဝတ်ထား၍ ဦးဓန၏ လက်မောင်းကြွက်သားတို့ကို အတိုင်းသားမြင်နေရ၏။ ထိုလူကြီး၏ ရုပ်ရည်ရူပကာအရ အိမ်ထောင်ဖက်အဖြစ်ကနေ ငြင်းဆိုဖွယ်ရာမရှိပေမယ့် ထိုလူကြီး၏ စိတ်နေသဘောထားကိုတော့ သူသိချင်သေးသည်။ စားပွဲတွင်ထိုင်နေသည့် ဆံပင်လိမ်ကောက်ကောက် ရုပ်ရည်သန့်သန့်နှင့် အကိုတစ်ယောက်က အခန်းဝ၌ ရပ်နေသည့်သူ့ကိုတွေ့သွားဟန်တူသည်။ အပြုံးချိုချိုလေးဖြင့် လောကွပ်ပြုလာသည်။

"နိုးပြီလား ညီလေး... အခန်းဝကြီးမှာဘာရပ်လုပ်နေတာလဲ... လာထိုင်လေကွာ"

ထိုအကိုက သူ့ဘေးရှိ ခုံကိုလက်ဖြင့်ပုတ်ပြရင်း ခေါ်သည်။ ထိုအကို၏ အသံကြောင့် ကော်ဖီခွက်တွေနှင့်အလုပ်ရှုပ်နေသည့် ဦးဓနက တစ်ချက်လှည့်ကြည့်လာပြီး သူ့ကိုဂရုမပြုဟန်ဖြင့် ပြန်လှည့်သွားသည်။ ခဏလေး။ တကယ်ခဏလေးဆိုရုံမျှ....

Fell in love within THIRTY DAYS(Complete)Onde histórias criam vida. Descubra agora