Wedding Part |2| Zaw

461 6 0
                                    

"အ! ဦးဓန ခင်ဗျား..."

သူ့ကိုပေါင်ပေါ်တင်ထားပြီး လည်တိုင်နှင့် ဂုတ်ပိုးတို့အား အလှည့်ကျကိုက်နေသည့် ဦးဓနက သူ့စကားကို ဂရုစိုက်ဟန်မရှိသလို အရှေ့မှာလူတွေရှိနေသေးတယ်ဆိုတာလည်း သတိထားပုံမရ။ အတင်းရုန်းပြီး ပေါင်ပေါ်မှဆင်းဖို့ဟန်ပြင်တော့ သိုင်းဖက်ထားသည့်လက်တွေက တင်းကျပ်သွားသည်။

"ငြိမ်ငြိမ်နေ ချာတိတ်ရာ"

ဒီလူကြီး စကားကိုပြောင်းပြန်ပြောနေပြန်သည်။ ထိုစကားက လူရှေ့မရှောင်ပဲ မထိတထိလုပ်နေသည့် ထိုလူကြီးကို သူကပြောရမှာမဟုတ်ဘူးလား။ တော်သေးတာက ခြံထဲရှိလူတွေကလည်း သူ့အာရုံနှင့်သူမို့။

ရောင်ခြည်၏ သဘောဆန္ဒအရ မနက်ပိုင်းတွင် မင်္ဂလာပွဲပြုလုပ်ဖြစ်ပြီး ညခင်းတွင် မင်္ဂလာညစာစားပွဲလေးကျင်းပဖြစ်သည်။ လူအများကြီးနှင့်တော့မဟုတ်။ ခင်မင်သူ အသိမိတ်ဆွေအချို့နှင့် Dana Farmမှအလုပ်သမားများကိုသာ ညစာစားပွဲသို့တက်ရန် ဖိတ်ထားသည်။

"ဦးဓန ငြိမ်ငြိမ်နေလို့...."

"အိပ်ကြရအောင် ချာတိတ်ရာ... မနက်ကလည်း အစောကြီးထထားရတာကို"

ဦးဓနပေါင်ပေါ်တွင် ကျောပေးပြီးထိုင်နေရာမှ တင်ပါးလွှဲအနေအထားသို့ ပြောင်းထိုင်လိုက်ပြီး ဦးဓနနှင့်မျက်နှာချင်းဆိုင်လိုက်သည်။ အသိမိတ်ဆွေအချို့၏ တိုက်တွန်းမှုကြောင့် မငြင်းသာပဲ သောက်ခဲ့ရသည့် ဦးဓန၏မျက်ဝန်းနက်တွေက ရီဝေနေသည်။

"ဦးဓနက အိပ်ချင်လို့လား..."

"အင်း ချာတိတ်နဲ့ အတူတူအိပ်ချင်တာ"

ရီဝေနေသည့် မျက်ဝန်းနက်တွေနဲ့ စိုက်ကြည့်ပြီးပြောလာသည့် ဦးဓနကြောင့် အနေမတတ်စွာဖြင့် မျက်နှာကိုလွှဲလိုက်ပြီး နှုတ်ခမ်းကိုဖိကိုက်မိရသည်။ ဒီလူကြီးဟာလေ မူးနေတာတောင် အသည်းယားအောင်လုပ်တတ်သေးသည်။

"ဒါဆို ဧည့်သည်တွေကို ဘယ်လိုလုပ်မလဲ"

"ကိုယ့်သူငယ်ချင်းတွေက အချိန်တန်ရင် ဧည့်ခန်းထဲထိုးအိပ်ကြလိမ့်မယ်... ခြံထဲကအလုပ်သမားတွေလည်း ပြန်သွားကြပြီပဲကို... လူမှသိပ်မရှိတော့တာ သွားအိပ်ကြမယ်နော်..."

Fell in love within THIRTY DAYS(Complete)Where stories live. Discover now