ရောင်ခြည် Dana Farmကို ရောက်နေတာ (၁)လပြည့်ပြီ။ မနက်ဖြန်ဆို ဦးဓနနှင့်ခွဲခွာပြီး Dana Farmကနေပြန်ရတော့မည်။ သူ့စိတ်ဆန္ဒအရဆိုလျှင် Dana Farmတွင် ဆက်ပြီးနေချင်သော်လည်း (၁)လပြည့်တာနဲ့ပြန်လာရမည်ဟု ဖိုးဖိုးကတစ်ချက်လွှတ်အမိန့်ထုတ်ထားသည်။ ထို့ကြောင့် ဦးဓနနှင့် မခွဲချင်သော်လည်း ခဏတော့ခွဲရဦးမည်။ ရန်ကုန်ခဏပြန်ပြီး မင်္ဂလာကိစ္စအတွက် စီစဥ်စရာရှိသည်တို့ကိုစီစဥ်ပြီးတာနဲ့ သူ့နှလုံးသား၏ပဲ့ကိုင်ရှင် ဦးဓနမင်းထင် ရှိရာအရပ်ဆီအပြေးပြန်လာဖို့ဆုံးဖြတ်ထားပြီးသား။
ဒီကိုအလာတုန်းကတော့ ဦးဓနနှင့် လက်ထပ်မည့်ကိစ္စကိုဖျက်သိမ်းခိုင်းဖို့ပါပဲ။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ဦးဓနအပေါ် သူကိုယ်တိုင်ပင်သတိမပူမိလိုက်တဲ့အချိန်မှာ ရင်ထဲပေါက်ဖွားလာသည့် ခံစားချက်တွေနောက်ကိုလိုက်နေမိတာကြောင့် လက်ထပ်ပွဲဖျက်သိမ်းမည့်ကိစ္စပင်မေလျော့နေခဲ့သည်။ အရာရာပြည့်စုံလွန်းနေသည့် ဦးဓနမင်းထင်လိုယောက်ျားတစ်ယောက်ကို ချစ်ရတာဟာ သူ့အတွက်တော့ကံကောင်းမှုတစ်ခုဟုဆိုရမည်။ အများအမြင်တော့ လိင်တူအမျိုးသားနှစ်ယောက်ချစ်ကြိုက်မိသည်ကို ရှေးဘဝကအကုသိုလ်ကံတွေကြောင့် ကံဆိုးသည်ဟုမြင်ကောင်း မြင်နိုင်သည်။ အကယ်၍ သူတို့ပြောသလို ကံဆိုးမှုဆိုလျှင် ဒီကံဆိုးမှုက ဘဝသံသရာအဆက်ဆက်အထိ ယူဆောင်သွားချင်သည့် ကံဆိုးမှု။
"ကျွန်တော် ဒီကိုလာရတဲ့ လာရင်းကိစ္စတောင်မေ့နေသလိုပဲ"
ဟုပြောတော့ ဦးဓနက သူ့လည်တိုင်ကို မုတ်ဆိတ်မွှေးတိုစစလေးတွေနဲ့ပွတ်ဆွဲပြီး စနောက်သည်။ အနေမတတ်စွာဖြင့် ဇက်ကလေးပုဝင်လိုက်တော့ ဦးဓနက ရယ်သံသဲ့သဲ့ပြုပြီး သူ့ပါးတွေကိုပွတ်ဆွဲလာပြန်သည်။
"အား ဦးဓနမင်းထင်... ယားတယ် တော်တော့လို့"
"ကိုယ်နဲ့ လက်ထပ်ဖို့ကိစ္စကို ဖျက်သိမ်းချင်သေးလားချာတိတ်"
ဦးဓနက သူ့ကိုရင်ခွင်ထဲထည့်ပြီးဖက်ထားရာကနေ ပက်လက်လှန်လိုက်ပြီး သူ့မျက်နှာနားတွင် တံတောင်တစ်ဖက်ကိုထောက်ကာ သူ့ကိုယ်ပေါ်မှအုပ်မိုးပြီး မျက်ဝန်းနီတွေအား စူးစိုက်ကြည့်သည်။ သူကလည်း မျက်ဝန်းနီတွေဖြင့် ဦးဓန၏ မျက်ဆံနက်နက်ကလေးတွေကို တန်ပြန်စိုက်ကြည့်ရင်း ဦးဓန၏လည်တိုင်ကို လက်နှစ်ဖက်ယှက်တင်ပြီး ဖက်လိုက်သည်။
VOCÊ ESTÁ LENDO
Fell in love within THIRTY DAYS(Complete)
ContoDana Min Htin + YaungChi SeaSar Age Gap:10 years