Chapter |6| Uni

1.8K 129 0
                                    

"အကိုရဲသွင်...."

လေသံသဲ့သဲ့ဖြင့်သူခေါ်တော့ အကိုရဲသွင်က တီဗွီကြည့်နေရင်းမှ လှည့်ကြည့်လာသည်။ အကိုရဲသွင်နှင့်မျက်နှာချင်းဆိုင်တွင် ဦးဓနက လပ်တော့ပ်တစ်လုံးနှင့်အလုပ်ရှုပ်နေဟန်တူသည်။ သူ့ကိုတောင် ခေါင်းမော့ကြည့်မလာ။

*ဟွန့် နေနိုင်ရင်နေလေ။

"ဟေ ညီလေး ဘာဖြစ်လို့လဲ..."

"ကျွန်တော့်ကို Airport လိုက်ပို့ပေးလို့ရမလား"

အကိုရဲသွင်က အံ့သြဟန်ဖြင့်ကြည့်လာသည်။ ထို့နောက် ဦးဓနထံအကြည့်ပို့ပြန်သည်။

"Airport... ဘာသွားလုပ်မလို့လဲညီလေး"

"ကျွန်တော် ရန်ကုန်ပြန်ဖို့လက်မှတ်သွားဖြတ်မလို့အကို"

ဦးဓနက တကယ်ကိုနေစိမ့်သည်။ လပ်တော့ပ်ကီးဘုတ်မှ ခလုတ်တွေကို လက်ချောင်းရှည်တွေကိုသုံးပြီး တတောက်တောက်နှိပ်နေကာ သူ့ကိုမသိကျိုးနွံပြုထားသည်။ သူ့စကားတွေကို မကြားဟန်ဖြင့်။

ယခုအချိန်ထိ ခေါင်းလေးတစ်ချက်ပင်မော့ကြည့်မလာသည့် ဦးဓနကို သူပိုပြီးစိတ်ဆိုးလာရသည်။ ပြောတော့ သူ့အပေါ်မေတ္တာရှိသည်တဲ့။ အရင်ရက်တွေကတော့ သူနဲ့ ကတောက်ကဆဖြစ်တိုင်း သူချမှတ်ထားတဲ့စည်းကမ်းချက်တွေပါသော စာချုပ်မမည်သည့် စာချုပ်ပါအချက်တွေနှင့် ကိုင်ပေါက်ပြီးခြိမ်းခြောက်တတ်သည်။ အခုတော့တစ်ချက်ကလေးပင်ဝင်မတား။ သူ့ကိုလုံးဝ လျစ်လျူရှုထားနိုင်သည်။

အကိုရဲသွင်က ဆက်တီပေါ်ထိုင်နေရာကနေထလာပြီး သူနားလာရပ်ကာ ပုခုံးကိုဖက်သည်။

"နှစ်ယောက်သား ရန်ဖြစ်ထားကြတာလား..."

နား,နားကပ်ပြီး လေသံကျိတ်ကျိတ်နဲ့မေးလာသည့် အကိုရဲသွင်ကို သူခေါင်းညိတ်ပြလိုက်သည်။ အကိုရဲသွင်က သက်ပြင်းဖွဖွချသည်။

"အင်း... ညီလေးပြန်ချင်တယ်ဆိုလည်း အကိုလိုက်ပို့ပေးမယ်လေ... ရုတ်တရက်ကြီးပြန်တော့မယ်ဆိုတော့ အကိုရင်ထဲမကောင်းဘူးကွာ....အကိုတော့ ညီလေးကို လွမ်းနေရတော့မှာပဲ"

အကိုရဲသွင်က ရှည်လျားလွန်းလှသည့် သူ့အရပ်ကြီးမှအားမနာ။ ခါးကိုကိုင်းပြီး ခေါင်းကိုသူ့ပုခုံးပေါ်သို့စောင်းတင်ထားကာ ခပ်နွဲ့နွဲ့အနေအထားဖြင့် ချွဲချွဲနွဲ့နွဲ့ဆိုသည်။

Fell in love within THIRTY DAYS(Complete)Donde viven las historias. Descúbrelo ahora