Chapter |4| Uni

1.8K 108 2
                                    

"ဒေါက်! ဒေါက်! ချာတိတ်... ချာတိတ်"

အခန်းတံခါးကို နှစ်ချက်ဆင့်ခေါက်သံထွက်လာပြီးသည့်နောက် ကပ်ပါလာသည့် ဦးဓန၏ သူ့ကိုရည်ညွှန်းသော နာမ်စားကိုခေါ်သံ။

အသံတွေကိုကြားနေရပေမယ့် မျက်လုံးတွေကဖွင့်မရသေး။ ထို့ကြောင့် ကြားနေရသည့်အသံတွေကို မသိကျိုးနွံပြုပြီး မွေ့ယာထက်ဟိုလှိမ့်ဒီလှိမ့်လုပ်နေမိသည်။ မနေ့က တစ်နေကုန် နေပူထဲရပ်ပြီး သုံးပေပတ်လည်မြေကွက်ရှိမြက်တွေကို ခဲခဲယဥ်းယဥ်းရှင်းခဲ့ရတာကြောင့် သူ့ခန္ဓာကိုယ်က အညောင်းမိနေသည်မို့ ဒီမနက်တော့ စောစောမထချင်။ အိပ်ချင်သေးသည်။

အခန်းရှေ့မှ ဦးဓန၏ အသံပျောက်ကွယ်သွားတာကြောင့် ရောင်ခြည်ပြုံးယောင်သမ်းလိုက်ပြီး ဖက်လုံးကိုခွကာ ပြန်အိပ်ဖို့ပြင်သည်။ သို့သော်...

"ဒူ...."

ခပ်စူးစူးထွက်ပေါ်လာသည့် မောင်းထုသံကြီးကြောင့် ရောင်ခြည် မျက်ခုံးတွေကို စုကျုံ့လိုက်ပြီး နားနှစ်ဖက်ကို လက်ဝါးတွေဖြင့် အမြန်ဖိအုပ်ရသည်။

"ဒူ...."

ဒုတိယမ္ပိ ထပ်မံထွက်ပေါ်လာသည့် မောင်းသံကြောင့် ရောင်ခြည် မျက်လုံးတွေကို မဖွင့်ချင်သော်လည်း အတင်းပြူးပြဲဖွင့်ပြီး ထထိုင်ရသည်။ ထိုအခါမှ ဘယ်အချိန်ကတည်းက သူ့အခန်းထဲရောက်နေမှန်းမသိသည့် မောင်းထုနေသည့် ဦးဓနကိုတွေ့ရတော့သည်။

"ခင်ဗျားဘာလုပ်တာလဲ"

"ကိုယ် အေးအေးဆေးဆေးနှိုးနေတာကို မင်းမှမထပဲ... အနုနည်းနဲ့နှိုးမရတော့ မရ ရတဲ့နည်းနဲ့နှိုးရမှာပေါ့"

"နှိုးရအောင် ခင်ဗျားလူလိုနားမလည်ဘူးလား... ဒါလူအိပ်ချိန်ဗျ လူအိပ်ချိန်"

မွေ့ယာဘေးရှိစားပွဲပေါ်မှ စားပွဲတင်နာရီလေးကို လှမ်းယူလိုက်ပြီး ဦးဓန မျက်နှာရှေ့တည့်တည့်သို့ ထိုးပြလိုက်သည်။

"ဒီမှာ အချိန်ကိုကြည့် မနက်၅နာရီပဲရှိသေးတယ်... ခင်ဗျားမနေ့ကပြောတာ ၆နာရီမှထရမယ်ပြောတာ... တစ်နာရီတောင်လိုသေးတယ်... ခင်ဗျားအခန်းထဲကထွက်သွားတော့ ကျွန်တော်အိပ်အုံးမယ်"

Fell in love within THIRTY DAYS(Complete)Donde viven las historias. Descúbrelo ahora