တနင်္ဂနွနေ့မှာလည်း Dana Farm၏ ရာသီဥတုက သာသာယာယာပါပဲ။ ညက တစ်ဖြိုက်နှစ်ဖြိုက်ရွာချလာသည့်မိုးကြောင့် ပြတင်းပေါက်မှတစ်ဆင့်ဖြတ်ဝင်လာသည့် လေထုက ရေငွေ့စွက်နေသည်။ သင်းသင်းပျံ့ပျံ့ မြေသင်းနံ့ကိုလည်း ရှူရှိုက်မိသည်။ လူနေအိမ်ခြေထူထပ်သိပ်သည်းလွန်းသည့် မြို့မှာနေစဉ်က အခုလို သဘာဝအနှစ်သာရတွေနှင့် ထိတွေ့နိုင်ဖို့ဆိုတာ အလွန်ရှားသည်။
ရာသီဥတုကအေးစိမ့်စိမ့်လေးဖြစ်နေ၍ မွေ့ယာထက်လူးလှိမ့်နေရင်း မျက်နှာထက် ခပ်စူးစူးကျရောက်လာသည့် နေရောင်ကြောင့် မျက်မှောင်ကြုတ်ပြီး ထထိုင်ရသည်။ ဇိမ်ယူနေတာကို ဖျက်လို့ဖျက်ဆီးလုပ်သည့် နေမင်းကြီးကိုလည်း မကျေမနပ်ကြည့်လိုက်သေးသည်။
နေတောင်ထွက်နေပြီဆိုတော့ အချိန်က စောတော့မည်မထင်။ စားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့ နံနက်(၈)နာရီခွဲ။ Dana Farmကို စရောက်သည့်နေ့ကတည်းကစပြီး နံနက်(6)နာရီထိုးတာနဲ့ ဦးဓနက လာနှိုးတတ်ပေမယ့် ဒီနေ့မှာတော့ ထူးထူးဆန်းဆန်းပင်။ နေမြင့်နေတာတောင်လာမနှိုးသေး။
ဘာကိုအလိုမကျ၍မှန်းတော့မသိ။ မျက်ခုံးတွေကိုစုကြုတ်မိပြီး နှုတ်ခမ်းတွေကိုစူမိသည်။
မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကိုဆင်းလာတော့လည်း ဦးဓန၏ အရိပ်အယောင်ကိုမတွေ့ရ။ ခပ်စူးစူးအချဉ်အနံ့ရမိတာကြောင့် မီးဖိုခန်းဘက်သွားကြည့်တော့ အကိုရဲသွင်က မီးဖိုခန်းထဲ တကုပ်ကုပ်နှင့်အလုပ်ရှုပ်နေသည်။ မီးဖိုပေါ်တင်ထားသည့်အိုးကလည်း အငွေ့တထောင်းထောင်းနှင့်။
"အကိုရဲသွင် ဘာတွေချက်နေတာလဲ..."
မေးချင်တာကတခြား ဟန်ကိုယ်ဖို့ပြီးမေးလိုက်သည်ကတစ်ခု။ Dana Farmကို ရောက်နေသည့် ဆယ်ရက်အတွင်း ဦးဓနက သူ့ရဲ့စိတ်ထဲနေရာအနည်းငယ်တော့ယူထားနေပြီဖြစ်သည်။ ဆယ်ရက်ဆိုတဲ့ အချိန်အတိုင်းအတာက လူတစ်ယောက်အပေါ်ကို စိတ်ယိုင်ဖို့ လုံလောက်တဲ့အချိန်အတိုင်းအတာတစ်ခုမဟုတ်မှန်း သိပေမယ့် သူကတော့ ဦးဓနအပေါ် ယိုင်နဲ့စပြုနေပြီဖြစ်သည်။ တစ်ခဏတာလား တစ်ဘဝစာအတွက်လားဆိုတာတော့ သူကိုယ်တိုင်လည်းမသိသေးပေ။ ဦးဓနအပေါ်ထားတဲ့ သူ့ရဲ့စိတ်က မသေချာမရေရာသေးသည့်အနေအထားမို့ သူ့စိတ်ထဲ ဦးဓနရှိနေကြောင်းကိုတော့ အရိပ်အမြွက်လေးပင်မပြချင်ပါ။
ESTÁS LEYENDO
Fell in love within THIRTY DAYS(Complete)
Historia CortaDana Min Htin + YaungChi SeaSar Age Gap:10 years