တော်တော်အလုပ်များနေကြသည်။"သား joneရေ ဒါလေး အမေ့ကိုကူသယ် ပေးပါအုံး"
ထုပ်အပိုးတွေကို အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားလေးထဲကို ထည့်နေကြကာ
ဆူပုတ်ပုတ်နဲ့Joneလေးက အမေ့ကိုမကြည်သလိုတစ်ချက်ကြည့်ကာ အမေ့လက်ထဲက အိတ်တွေကို
ပြောင်းယူကာ ကားလေးထဲ သွားထည့်သည်။ပစ္စည်းအားလုံးစုံတာနဲ့ ကားလေးဟာ လမ်းမကြီးထက် တရွေ့ရွေ့နဲ့ ခုတ်မောင်းလာခဲ့တော့သည်။
joneတို့ မိသားစု အိမ်ပေါ်က ဆင်းလာကြတာပါ။
Joneအဖေနဲ့ အမေဟာ လောင်းကစားသမားတွေမို့
ပိုင်ဆိုင်ထားသမျှ အားလုံးလောင်းကြေးထပ်ကာ
ကစားပစ်ခဲ့တော့ အခုတော့ သုတို့လက်ထဲမှာ
ငွေဆိုတာ တပြားမှ မရှိတော့ပါ။မိဘတွေဆီက အမွှေရခဲ့တဲ့ အိမ်လေးလည်းပါသွားခဲ့ပြီမို့ သူတို့အတွက်နားခိုစရာ ရနိုင်မဲ့ ဆိုးလ်က နေရာတစ်နေရာဆီကို ထွက်လာခဲ့ကြသည်။
ကားလေးထဲမှာတော့ စိတ်ဓာတ်ကျနေတဲ့ အဖေနဲ့အမေရယ်.. ဆူပုတ်ကာ မျက်လုံး ပေကလပ်ပေကလပ်နဲ့ အထက်တန်းကျောင်းသားလေး တစ်ယောက်ရယ်..driverရယ်ပေါ့..။
ဘူဆန်ကနေ ခရီးတွေ အများကြီး ကျော်ဖြတ်ပြီးနောက်တော့ ရောက်ပါပြီ ။ သူတို့ဆီ Namjoonပို့ထားတဲ့ လိပ်စာနံပါတ်နဲ့ ခြံတစ်ခု...။
အိမ်ရှေ့က ကားဟွန်းသံကြားတာကြောင့် Namjoonစာအုပ်ဖတ်နေရာကနေ အပြေးလေး အိမ်ရှေ့ကို ထွက်ကာ joneမိသားစုကို သွားကြိုသည်။
"လာကြပြီလား
ပေး ပေး အထုတ်တွေ ကျနော်သယ်လာခဲ့မယ်""ကူညီပါအုံး Namjoonရယ်
ငါလဲ မနက်လင်းကတည်းက မနားရသေးဘူး
တော်တော်ကို ပင်ပန်းနေပြီ"ထိုသို့ပြောကာ joneအမေနဲ့ အဖေသည် ရှေ့ကနေ ကော့တော့ကော့တော့နဲ့ အိမ်ထဲဝင်သွားကြသည်။