"သခင်လေး မနေ့က သခင်လေးဆီကို
jiminဆက်သွယ်လာပါသေးတယ်""ဘာကိစ္စလို့ပြောလဲ"
"ဂျပန်က အလုပ်တွေနဲ့ ဆွေးနွေးစရာရှိတယ်လို့တော့
ပြောခဲ့ပါတယ်"သခင်လေးက ခေါင်းတစ်ဆက်ဆက်ညိတ်ပြတော့ ပြောနေတဲ့ ဘောဒီကတ်ကလည်း သခင်ဘေးနားတွင် ရပ်နေသည်။
"ရပြီ မင်းလဲနားလိုက်တော့"
သခင်က ခုလိုပြောတော့ ထိုသူလည်း သူ့အခန်းဘက်ကို လှည့်ပြန်သွားသည်။
သခင်နာမည်က Yoongiပါ။ဂျပန်မှာ အခြေချစီးပွားလုပ်နေတာဖြစ်ပြီး နိုင်ငံတကာထိပ်တန်း စာရင်းဝင် လုပ်ငန်းရှင်ထဲတွင်လည်းအပါအဝင်ဖြစ်သည်။ဂျပန်မှာ ပြိုင်ဘက်ဖြစ်တဲ့ တခြားလုပ်ငန်း Groupတစ်ခုလည်း ရှိသေးသည်။အောင်မြင်မှုရတာနဲ့အမျှ အတိုက်အခိုက်တွေများပေမဲ့ သူနဲ့ပြိုင်ဘက်groupကတော့ yoongiရဲ့ လုပ်ငန်းတွေကို တိတိလင်းလင်းနဲ့ချပြတိုက်ခိုက်တဲ့ groupတစ်ခု။ထိုဂရုကလည်း ထိပ်တန်းတစ်ခုဖြစ်တဲ့အတွက် နှစ်ဘက်စလုံးက အကြိုက်အနယ်ပါပဲ။
Yoongiဟာ အခုမှ အလုပ်ကပြန်ရောက်တာကြောင့် အနက်ရောင်suitပေါ်က နက်ကတိုင်တွေကို ဆွဲဖြေကာ အပေါ်ဝတ်ကုတ်ကို ချွတ်လိုက်ပြီး ဆိုဖာပေါ်
သက်သောင့်သက်သာထိုင်နေလိုက်သည်။ဒီနေ့ companyက အလုပ်တွေက အဆင်ပြေပေမဲ့ လူဟာလည်း သိပ်သိပ်ပင်ပန်းခဲ့ရသည်။သူပင်ပန်းနေတာကို ဘော်ဒီကတ်ကလည်း သိတာကြောင့် ကားပေါ်တွင်မှေးရင်းပါလာတဲ့သခင်ကို မနေ့က jiminဆက်သွယ်လာကြောင်း မပြောလိုက်တော့ပဲ အိမ်ကိုရောက်မှ ပြောလိုက်ခြင်း။
jiminက ဆက်သွယ်လာတယ်ဆိုတော့လည်း Min
yoongiတော့မှာ လှုပ်လှုပ်ရှားရှား။Jiminက သူ့ရဲ့ အဓိက လူပဲလေ။လက်လွတ်ခံလို့မရတဲ့ အဓိကလူ။
jiminနဲ့ အလုပ်ကိစ္စစကားပြောထားတာ လအနည်းငယ်လောက်တောင်ကြာပြီ။ထိုအချိန်ထဲက yoongiကို ပလစ်ထားခဲ့တာ မနေ့ကမှ ဆက်သွယ်လာသတဲ့။
သူကပြန်ဆက်သွယ်လာတော့လည်း yoongiဘက်ကငြင်းစရာအကြောင်းပြချက်မရှိ။လက်ခံရမယ့်သူပဲ မလား။ဧည့်ခင်းမှာထိုင်နေပြီး ခနနေတော့ အပေါ်တက်သွားသည်။
ချွတ်ထားတဲ့အပေါ်ကုတ်ကို ပုံခုံးပေါ်တင်ပြီး လက်က အိတ်ကိုလည်းကိုင်ကာ တက်သွားတဲ့ yoongiက ဖြူဖြူသေးသေးလေးပေမဲ့ စီးပွားရေးလောကထဲမှာ အဆိပ်ပြင်းလွန်းတဲ့ မြွေဟောက်လို့တောင် တင်စားခံရသည်။မျက်လုံးမှေးမှေးလေးတွေက အမြဲတမ်းစူးရှနေကာ အပြုံးအရယ်လည်း သိပ်မရှိ။Parkjiminလို ကိုယ်လုပ်ချင်တာ လုပ်တက်တဲ့ အကျင့်ရှိပေမဲ့ လေးလေးနက်နက်တွေးပြီးမှ လုပ်သင့်မလုပ်သင့် စဉ်းစားတက်တဲ့သူ။သိပ်ကိုလည်း ပါးနပ်ပြီး လည်ဝေလွန်းသည်။ဒါကြောင့်လည်း ဂျပန်မှာ တစ်ယောက်ထဲ လုပ်ငန်းတွေကို ဦးစီးနိုင်တယ်မလား။