"လူကြီးနဲ့ ကျနော် ချစ်သူတွေဖြစ်သွားပြီ"
"ဟင် မင်းတို့က အစကတည်းက
ချစ်သူတွေ မဟုတ်ဘူးလား""မနေ့ကမှ ချစ်သူဖြစ်တာ"
hopeနဲ့ yoonတို့ လဲ တအံတသြ။
မသိဘူးလေ။Jkပြောတဲ့ နေ့ထဲက ချစ်သူတွေဖြစ်နေကြပြီလို့ ထင်ထားတာ..။နှလုံးသားလှလှလေးတို့ ဘာတို့နဲ့ jkက hyungတွေကို လှည့်စားပစ်ခဲ့တာပဲ။
"ဘယ်လိုတွေ ဖြစ်သွားကြတာလဲ
မနေ့က တစ်ရက်ကျောင်းမလာတာကို
ငါတို့က ဘာမှလိုက်မမီတော့ဘူး""မင်းပြောလိုက်တာလား Jk
ဒါနဲ့ သူက ဂျပန်မှာဆို""အင်း မနေ့က ရောက်ရောက်ချင်း ကျနော့်ဆီ
ရောက်လာတာ အဝတ်တောင် မလဲခဲ့ရဘူးတဲ့""သူက ဘာလို့မင်းဆီကို လာတာလဲ"
"ကျောင်းကြိုမလို့"
"မင်းဦးလေးရှိတယ်လေ ပြီးတော့
ဂျပန်က ရောက်ရောက်ချင်း မင်းစီကို
ရောက်လာတာဆိုတော့ ဘယ်လိုကြီးလဲ""Hyungတို့ ထင်နေသလိုဘဲ
လူကြီးဘက်က ကျနော့်ကို အရင်ပြောလာတာ""ဟေ..."
joneလဲ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပြီး သူလိမ္မာရမဲ့အကြောင်း၊သူလူကြီးကို ဘယ်လောက်ချစ်တဲ့အကြောင်း၊မနေ့က သူဘယ်လောက်တောင် ပျော်ခဲ့ရတဲ့အကြောင်းတွေကို ရေပက်မဝင်အောင်ပြောရင်း အများကြီးပျော်နေခဲ့သည်။
သူကြည့်မရတဲ့ ဟန်နာလာနှုတ်ဆက်တာကိုတောင် ပြုံးပြပေးခဲ့တဲ့အထိ...။
"ကောင်လေး စာလုပ်နေတာလား"
ညဖက် စာလုပ်နေရင်း လူကြီးအကြောင်းခေါင်းထဲ ဝင်လာပြီး ပြုံးနေတုန်း ဘေးနားက လာထိုင်တဲ့ လူကြီးကြောင့် လန့်တောင် လန့်သွားရသည်။
"ဟုတ်တယ် လူကြီး"
"လူကြီး ဘာဖြစ်လို့လဲ"
"ကောင်လေးကို သတိရလာလို့"
ရဲ့သဲ့သဲ့ပြောလာတဲ့ လူကြီးစကားကြောင့် Joneခေါင်းလေးငုံ့ဝင်ကာ ရှက်သွားရသည်။
တစ်အိမ်ထဲ အတူတူနေတာကို လူကြီးက ပိုလွန်းသည်...။
"ညနက်နေပြီ အိပ်တော့လေ
စာမေးပွဲလဲ နီးနေပြီးဆိုတော့
ကျန်းမာရေးလဲ ဂရုစိုက်အုံး"