မနက်လင်းလို့ Namjoon jiminအခန်းကိုလာကြည့်တော့ တံခါးဟာလဲ ပွင့်လျက် အိပ်ယာပေါ်တွင်လဲ စောင်တွေဟာ ဟိုတစသည်တစ ပေပွကာနေသည်။
"jimin jimin"
ရေချိုးခန်းထဲမှာများရှိမလားလို့ ခေါ်ကြည့်ပေမဲ့လည်း
ပြန်ထူးသံက မကြားရ။အပြင်များထွက်သွားတာများလားဆိုရင်လည်း ကားက ခြံထဲမှာပဲ ရှိနေသည်။ပေပွနေတဲ့ စောင်တွေကို ခေါက်တင်ထားခဲ့ပြီး ထွက်လာလိုက်သည်။jiminလည်း ခြံရဲ့ တစ်နေရာရာမှာ ရှိနေမှာပေါ့။
joneလေး နေမကောင်းတာကို ညတုန်းကလည်း လူကြီး အခန်းထဲကို ရောက်လာထဲက သူမအိပ်တော့ဘဲ joneပုခုံးကိုမှီကာ အိပ်ပျော်နေတဲ့လူကြီးကိုပဲ အိပ်ယာပေါ်အသာချကာ စောင်တွေခြုံပေးပြီး တစ်ညလုံးကို ထိုင်ကြည့်နေခဲ့သည်။
လူကြီးက သိပ်ကိုခန့်ညားလွန်းသည်။လူကြီးဆီမှာ ညို့ဓာတ်တစ်ခုခုတော့ သေချာပေါက်ရှိလိမ့်မည်။ဘာလို့ဆို joneတစ်ညလုံးထိုင်ကြည့်နေတာတောင် မနက်ရောက်တဲ့ အထိ ကြည့်မဝသေးလို့..။
လူကြီးရဲ့ နှခမ်းဖူးဖူးလေးကို Joneသေချာပေါကိတွေ့ချင်ခဲ့ပေမဲ့ လူကြီးကို သူတန်ဖိုးထားလွန်းလို့ လက်လွှတ်စပယ် မထိရဲခဲ့..။
ငေးကြည့်ရင်းနဲ့သာ တစ်နေ့လုံး လွမ်းနေခဲ့ရသမျှ စိုးရိမ်နေခဲ့ရသမျှကို အစားထိုး အချိန်ကုန်ပစ်သည်။
အသက်ရှူသံမှန်မှန်လေးနဲ့ လူကြီးက အိပ်နေပေမဲ့ အိပ်ယာပေါ်က ထိုင်ကြည့်နေတဲ့ Joneမှာတော့ နှလုံးခုန်နှုန်းတွေကတောင် ပုံမှန်ဟုတ်မနေခဲ့။
မှိတ်ချထားတဲ့ မျက်ခွံလေးကိုလဲ နမ်းပစ်ချင်သည်။
အသဲယားစရာ နှာခေါင်းလုံးလုံးလေးကိုလည်း ဆွဲညစ်ပစ်ချင်သည်။
ဖူးဖူးဖောင်းဖောင်း နှခမ်းလေးကိုလည်း ဆွဲငုံထားပစ်ချင်သည်။
ဖြူဖြူကြည်ကြည်လေးနဲ့ လည်ပင်သားလေးကိုလည်း အရာတွေပေါ်တဲ့ အထိ ကိုက်ခဲထားပစ်ချင်ခဲ့သည်။joneနှလုံးကို ပုံမှန်ထက် ပိုခုန်စေတာက လူကြီးပိုင်ဆိုင်တဲ့ ထိုအရာတွေကြောင့်...။
အိပ်နေတာကိုတောင် Jone လူကြီးကို လိုချင်နေတုန်းပဲ။
"joneလေး joneလေး"