အနမ်းတွေက ပျော်ရွှင်စရာကောင်းတဲ့ အချစ်တွေကို ပုံဖော်နိုင်တယ်ဆို ထိုအနမ်းတွေရဲ့ အဓိပ္ပါယ်က သိပ်ကို နက်နဲမှာပဲ...။
လူကြီးဟာ အနမ်းတွေကို လက်ဖြန့်တောင်းခဲ့ပြီး ထပ်ဆောင်းအနမ်းတွေကိုလည်း ညအိပ်ယာဝင်တိုင်း jone အခန်းဆီလာပြီး ယူဆောင်သွားတက်သေးသည်။
"သဘောကျလို့"ဆိုတဲ့ အဖြေလေးတစ်ခုကို ကောင်လေးကလည်း ကမ္ဘာကြီးလို့ ထင်မှတ်သွားဟန်တူပါသည် အရာရာက လူကြီးအတွက်ပဲတဲ့။အချစ်တွေကို အနမ်းတွေနဲ့ လှပစေချင်တယ်ဆိုတဲ့ လူကြီးရဲ့စကားကြောင့် ကောင်လေးဟာ လူကြီးနဲ့ ပတ်သက်ရင် အနမ်းတွေကို မတွန့်တိုတက်ခဲ့ဘူး။
လူကြီးအပြုံးကို သေသေချာချာလေးမြင်နေရတာကိုက ကောင်လေးအတွက် သီးသန့်ကမ္ဘာလေး ဖြစ်တည်သွားသည်။
ချစ်မိခြင်းတွေရဲ့ နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်မလဲ သေချာမသိပေမဲ့ လက်ရှိ လူကြီးနဲ့ နမ်းရတာကိုတော့ အရမ်းကြိုက်နေသည်။
အနမ်းတွေနဲ့ ပတ်သက်ရင် လူကြီးကလည်း Crazy ဖြစ်သလို ကောင်လေးဟာလေး Crazyဖြစ်လာခဲ့သည်။
"Jimin ဒီမှာ လက်မှတ်ထိုးရမဲ့ စာရွက်တစ်ခု
အခု လုပ်နေတဲ့ ပရောဂျက်အတွက်
မင်းက အဓိက လူပဲနော်
ပြီးတော့ ဒီပရောဂျက်ကလည်း အောင်မြင်ဖို့
အရေးကြီးတယ်"အလုပ်စားပွဲတွင်ထိုင်နေတဲ့ Jiminဆီကို စာရွက်ကို ကမ်းရင်း Namjoonက ပြောသည်။
"hyung ဟာလည်း အမေတို့လိုပဲ
ကျနော့်ကို အလုပ်လုပ်နေတာပဲ
မြင်ချင်နေလားမသိ""မင်းကို အောင်မြင်နေတဲ့လူတစ်ယောက်လို
မြင်ချင်လို့လေ
မင်းက ထက်မြက်တော့ ဘဝကို
လွယ်လွယ်လေးနဲ့ ဖြတ်သန်းနေတာမျိုးက
မင်းအတွက် အရမ်းနစ်နာတယ်လေ"jiminက စာရွက်တွင် လက်မှတ်ထို့းပြီး ခုံပေါ်တင်ထားလျက် ကော်ဖီနှစ်ခွက် သွားယူပြီး Namjoonကို တစ်ခွက်ကမ်းသည်။
"ကျနော် ဂျပန်မှာလည်း ပရောဂျက်တစ်ခု
လုပ်ထားတာရှိတယ်
ဒီလကုန်ရင်တော့ တစ်ခေါက်လောက်
သွားရမယ်ထင်တယ်""ငါတို့ Jiminကတော့ အောင်မြင်တို့မှာပဲ"
Namjoonက ရယ်ကျဲကျဲလေးနဲ့ Jiminကိုစတော့ Jiminလည်း သဘောတကျရယ်သည်။