"Jin hyung အမေ့အခြေနေ ဘယ်လိုလဲ"
"သွေးတိုးပြီး မူးလဲသွားတာပါ
ဘာမှစိုးရိမ်စရာ မရှိပါဘူး
ဆေးတွေပဲ ပုံမှန်သောက်ဖိုလိုတာ"လူနာကြည့်နေတဲ့ Jin ကို Jiminကစိုးရိမ်သလိုမေးတော့ အိပ်ယာပေါ်က အမေကလည်းပြုံးနေသည်။
မနက်က အိမ်တော်ထိန်းကြီးက အမေမူးလဲတယ်လို့ ဖုန်းဆက်ပြောလို့ သူ့မှာရေတောင်မချိုးခဲ့ရ။
အမေက သွေးတိုးနဲ့ အမြဲမူးလဲနေကျပေမဲ့ ဒီတစ်ခါအခြေအနေ မဟန်ဘူးလို့ အိမ်တော်ထိန်းက ငိုမအားရယ်မအားပြောလာတော့ စိုးရိမ်စိတ်က ဒီဂရီနဲ့တောင် တိုင်းလို့မရ။
အခုတော့ အမေက ဆေးတွေပုံမှန်မသောက်လို့ဖြစ်တာဆိုတော့ Jiminသက်ပြင်းသာ ချနိုင်သည်။အိပ်ယာပေါ်က အမေ့ဆီပြေးသွားကာ လက်ကလေးကိုဆုတ်ကိုင်လျက် ဆူပုတ်ပုတ်လုပ်ကာ...
"အမေ သားဘယ်လောက်တောင်
စိတ်ပူသွားတယ်ထင်လဲ
လမ်းမှာလဲ ကားတွေတိုက်မိတော့မလို့
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်မှပေါ့ အမေရဲ့""အမေက ကျန်းမာရေး ဂရုစိုက်ပါတယ်
သားကသာ အမေကို ဂရုမစိုက်တာ"jiminရဲ့ ဆံပင်လေးတွေကို ဆွဲဖွာရင်း အမေက ပြုံးပြုံးလေးပြောလာတော့ Jiminမှာ ပြန်ချေပစရာ စကားမရှိ။ သူတကယ် အဖေနဲ့အမေကို ပစ်ထားမိတယ်မလား။
"အမေကလည်း..."
အသံရှည်ဆွဲကာ ချွဲတော့..
"အမေ ဘာမှမပြောလိုပါဘူး
တခါတလေတို့ အမေတို့ကို လာတွေ့ပေါ့
အမေ့မှာက ဒီသားလေး တစ်ယောက်ပဲရှိတာ
ကိုယ့်အရိပ်အောက်မှာပဲ ထားချင်သေးတာကို..""သားက အိမ်ထောင်ကျသွားတာမှ မဟုတ်တာ
Japan မှာရော USမှာရော Souelမှာရော
အမေတို့ ပေးထားတဲ့ အလုပ်တွေကို လုပ်နေရတာလေ"နှခမ်းလေးဆူကာ ဆူးအောင့်အောင့်ပြောတော့ အမေအပါအဝင် ဘေးမှာရှိနေတဲ့ Jin hyungရော အိမ်တော်ထိန်းကြီးရောတို့က ရယ်ကြသည်။Jiminက အရင်က ဒီအိမ်မှာ ဘယ်လောက်ပဲဆိုးခဲ့ဆိုးခဲ့ တစ်အိမ်လုံးရဲ့ အသဲကျော်လေးပဲမလား။Jiminအိမ်ပြောင်းသွားတော့လဲ ဟာတာတာနဲ့ အိမ်တော်ကြီးဟာ တိတ်ဆိတ်လို့။အရင်လို ဆူဆောင့်သံလဲ မကြားရ။
အမိန့်သံတွေလဲ မကြားရ။ရယ်သံလွင်လွင်လေးတွေလဲ မကြားရနဲ့ ဘယ်လောက်တောင် အထီးကျန်ဆန်နေခဲ့သလဲ။Jiminရဲ့ ဒီလိုအမူအရာတွေ မမြင်ရတာလဲ နှစ်တွေမနည်းကြာခဲ့ပြီလေ။