ည11ရှိနေပြီး Namjoonဟာ ရောင်စုံမီးတွေကြား
ဝိုင်ခွက်ကလေး ကိုင်ကာ ဘေးနားက လူသားလေးနဲ့
ရယ်ရယ်မောမော စကားဝိုင်းဖြစ်နေသည်။clubက Beatသံတွေက အတက်အကျမညီပေမဲ့
သူတို့ရဲ့ စကားဝိုင်းလေးကတော့ အချိတ်အဆက်ကိုညီလို့....။"အဲ့တာတော့ Hyung မတရားတာပဲ"
"hyungက ဒီကလေးလေးအပေါ် မတရားမလုပ်
ရဲပါဘူးဗျ
တော်ကြာနေ အိမ်က မောင်းထုတ်နေရင် ဒုက္ခ""ဟား ဟား.."
မျက်မှန်အမဲလေးကို တပ်ထားပေမဲ့ သေချာပေါက်
မျက်လုံးတွေမှိတ်ကျသွားအောင် ရယ်နေတဲ့ jiminက Namjoonစကားကို သိပ်သဘောကျပုံ
ပေါ်သည်။အခုမှ ဂျပန်ကရောက်တာကို Clubသွားတက်ရအောင်ဆိုလို့ Namjoonမှာ ဟို့ဟို့ရမ်းရမ်းတောင် မပြင်ဆင်ခဲ့ရ..။သူကကျတော့ gentlemanဆန်ဆန်
ဝတ်ဆင်လာသည်။ဆံပင်တွေကို သေသေသပ်သပ်ဖီးတင်ထားကာ
မျက်ခုံးတန်း သွယ်သွယ်လေးနဲ့ နှခမ်းဖူးဖူးလေးတွေ
နှာတံလုံးလုံးလေးတွေက ဒီလူနဲ့မှ အလိုက်ဖက်ဆုံး။
ညနက်နေတာတောင် မီးရောင်တွေစူးတာ သူမကြိုက်ဘူးဆိုပြီး မျက်မှန်အမဲလေးတစ်လက်ကို တပ်ထားသေးသည်။shirtအကျီင်္အနက်ပေါ် leatherအကျီင်္အနက်ရောင်ကို ထပ်ဝတ်ထားကာ သိပ်ကို gentlemanဆန်လွန်းသည်။
ဝိုင်ကို တစ်ကျိတ်မော့သောက်ပြီး ခုံကို လက်ချောင်းလေးတွေနဲ့ တတိတိခေါက်ကာ ပြုံးနေပုံက
ဘယ်လိုအချိန်မျိုးမှာမှ မျက်နှာ မလွဲချင်စရာ..။Clubထဲက လူအားလုံးကို သူကျောခိုင်းထားမေပဲ့
ထိုလူတွေ ဘယ်လိုပုံသဏ္ဍာန်ရှိမလဲဆိုတာ သူသေချာသိသည်။သေချာပေါက် ထိုလူတွေဟာ
သူ့ကိုငေးလျက်ရှိလိမ့်မည်။"huyng အိမ်ပြန်ကြရအောင်
ကျနော် လေယျာဉ်စီးပြီးပင်ပန်းလာတာ
အနားယူချင်နေပြီ""အခုမှ အနားယူရမှာကို သတိရသလား"
ပြုံးလျက်သာ ပြသည်။
တစ်ခါတစ်ခါ Namjoonထိုအပြုံးတွေကြား
သတိလက်လွှတ်ဖြစ်ရတာလဲ အကြိမ်ပေါင်းမနည်းတော့..။ပါးချိုင့်နက်နက်နဲ့ အပြုံးတွေထက် ပါးဖောင်းဖောင်းလေးတွေ မို့မောက်သွားတက်တဲ့ အပြုံးတွေက သိပ်ကို အန္တာရာယ်များလွန်းသည်။