"joneလေး ကျောင်းသွားရမယ်
ထတော့လေ "Namjoonအပြင်ကနေလာနိုးမှ အိပ်ယာပေါ်ကာ ခေါင်းလေးထောင်ကာနာရီကြည့်မိတော့ ကျောင်းချိန်ရောက်ဖို့် နာရီဝက်တောင် မရှိတော့။
အိပ်ယာက ကပျာကယာထကာ ရေချိုးခန်းထဲပြေးဝင်ပြီး အဝတ်အစားလဲကာ လှေကားတွေမှာတောင် ပြေးလွှားနေရသည်။မနေ့က လူကြီးနဲ့ စာပို့ရင်း ညနက်သွားတယ်မလား။
အောက်ကိုရောက်တော့ Namjoonက ကားပေါ်တောင် ရောက်နေပြီ။Joneလဲ ကားထဲဝင်လာလိုက်ကာ သက်ပြင်းချလျက် Namjoonကို ရယ်ပြလိုက်သည်။"နေကောင်းတယ်မလား"
"ကောင်းပါတယ် ဦးjoon
မနေ့က စာလုပ်တာ ညနက်သွားလို့""ကျောင်းမှာ အခက်အခဲတွေရော ရှိလား"
"မရှိပါဘူး အားလုံးအဆင်ပြေပါတယ်"
"စာတွေကော လိုက်မီလား"
"မှီပါတယ် ဦးjoon"
joneရဲ့ ကျောင်းကိစ္စတွေမေးလာရင်း ကျောင်းကိုရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး Namjoonကို ခေါင်းငုံ့နှုတ်ဆက်ကာ ရှေ့က hopeတို့ဆီအမြန်ပြေးသွားသည်။
"နောက်ကျလှချည်လား Jk"
"အင်း အိပ်ယာထနောက်ကျသွားလို့"
"အေးပေါ့ မနက်ဖန်စာမေးပွဲဆိုတော့
မင်းလို စာဂျပိုးတွေက ကြိုးစားရမှာပေါ့""ကဲ အတန်းသွားကြရအောင်"
yoonက ဝင်ပြောမှ နောက်ကျနေပြီဖြစ်တဲ့ စာသင်ခန်းဆီ ဝင်သွားကြသည်။စာသင်ချိန်တစ်လျောက်လဲ Joneတစ်ယောက် မှိုရတဲ့မျက်နှာနဲ့ ။
ကျောင်းတစ်ပိုင်းဆင်းလို့ ကန်တင်းကို joneတို့အုပ်စုရောက်လာကြသည်။
စားစရာတွေ ကိုယ်စီယူလာကာ စားနေကြရင်း Joneကိုပေါ်သို့ ရောက်လာသော အအေးတွေ။
joneလဲ ဒေါသထွက်သွားကာ အအေးပိုင်ရှင်ကို အော်လိုက်သည်။"ခင်ဗျား လူတစ်ယောက်လုံးကို မမြင်ဘူးလား!!"
"အော် Sorryနော် မတော်တဆဖြစ်သွားတာပါ"
ချွဲပျစ်ပျစ်အသံနဲ့ ပြောလာတဲ့ အခုမှ ကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်။ကျောင်းယူနီဖောင်းကိုတောင်
ဒီဇိုင်းဒဇာတွေ အမျိုးမျိုးလုပ်ထားကာ နှခမ်းနီနီရဲတွေကလည်း အလွန်တရာမှ...